251

150 12 0
                                    

အခန်း 251- ခရမ်းရောင်အဆောင်စာရွက်တစ်ခု

အခြေအနေများမှာ နောက်ဆုတ်၍မရတော့ပေ။ ချူးယွဲ့လီလည်း နောက်မဆုတ်ပေ။ သူမ၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ဖိနှိပ်ကာ ကောင်းကင်နှင်းနန်းတော်၏ နန်းတော်အမွေအနှစ် မြင့်မြတ်စွမ်းရည်ဖြစ်သည့် ရေခဲဖီးနစ်အော်သံကျင့်စဥ်ကိုအသက်သွင်းခဲ့လိုက်သည်။

ကျင့်စဥ်အသက်ဝင်လာသည်နှင့် သူမ၏ အော်ရာသည် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ သူမ၏ ပတ်ဝန်းကျင်တွင် ကောင်းကင်ဘုံကိုးဆင့်မှ ဆင်းသက်လာဟန်ရသော ရေခဲအော်ရာတစ်ခု ရစ်သိုင်းလာ၏။ ထို့နောက် သူမအား ဗဟိုပြုကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားလေသည်။

တစ်ခဏအတွင်းမှာပင် တစ်ကမ္ဘာလုံး ရေခဲခေတ်ရောက်သွားသလို ဖြစ်သွားတော့သည်။ အရိုးခိုက်အောင် အေးသည့် အအေးဓာတ်အား တွန်းလှန်ရန် လူတိုင်းသည် ၎င်းတို့၏ ကျင့်ကြံနည်းစနစ်များကို အသုံးပြုခဲ့ကြရသည်။

“ဒါက ကောင်းကင်နှင်းနန်းတော်ရဲ့ အမွေအနှစ်ကျင့်စဥ်ပဲ... တကယ်ကို ကြောက်စရာကောင်းတာပဲ...!”

“ငါ့သွေးတွေတောင် အေးခဲသွားတော့မလို ခံစားနေရတယ်.... မျှော်လင့်ထားတဲ့အတိုင်း ဂိုဏ်းကြီးတစ်ခုရဲ့ အခြေခံအုတ်မြစ်က အရမ်းအားကောင်းတာပဲ...”

"ချူးယွဲ့လီ ဒီတိုက်ကွက်နဲ့ ရှီရှန်းရဲ့ မကောင်းတဲ့လက်တွေကို ဖယ်ရှားနိုင်မလား.... နူးညံ့သိမ်မွေ့တဲ့ ပန်းတစ်ပွင့်ကို ဒီလို ဖျက်ဆီးနေတာ ငါ တကယ် မမြင်ချင်ဘူး..."

“မင်း အသံကို နှိမ့်ထားလိုက်... သေချင်နေတာလား... ရှီရှန်းသာ မင်းပြောတာကြားရင် မင်း အသက်ဘယ်ကထွက်သွားမှန်းတောင် မသိလိုက်ပဲ နေမယ်..."

ထိုနေရာရှိလူတိုင်းမှာ တင်းကြပ်သောလေထုကိုသာ ခံစားနေခဲ့ရသည်။ သူတို့အားလုံးသည် ချူးယွဲ့လီ၏ တိုက်ချက်သက်ရောက်မှုဒဏ်ကို ခံခဲ့ရပြီး သူတို့၏ နှလုံးများလည်း တုန်ခါနေခဲ့ကြသည်။

ထိုအေးစက်သောလေသည် အလွန်အစွမ်းထက်လှပြီး ၎င်းအား တွန်းလှန်ရန် သူတို့၏ခန္ဓာကိုယ်ရှိ ခွန်အားအားလုံးကို အသုံးပြုရန်မှတပါး ရွေးချယ်စရာမရှိပေ။ သို့သော် ၎င်းမှာ ရှီရှန်းအပေါ်တွင်တော့ လုံးဝသက်ရောက်မှုမရှိသည်မှာ ထင်ရှားသည်။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now