242

198 11 0
                                    

အခန်း 242- နင်းမန်မန်း၏ခြေရာများ

ရီချန်းဂျီသည် တဖြေးဖြေး ပျောက်ကွယ်သွားသော ပုံရိပ်များကို ကြည့်ကာ အသင်္ချေရတနာများရောင်းဝယ်ရေးခန်းမထဲသို့ လှမ်းကာ ဝင်လာခဲ့လိုက်သည်။

၎င်းသည် မြောက်ပိုင်းအင်ပါယာမြို့တော်ရှိ အကြီးဆုံးကုန်သွယ်ဌာနဖြစ်သည်။ ၎င်းကို မြောက်ပိုင်းဒေသတစ်ခုလုံးတွင် ဖွင့်လှစ်ထားပြီး အာဏာကွင်းဆက်တစ်ခုနှင့် ညီမျှသည်။ အတွင်းမှာရှိသည့် ပစ္စည်းများက အကုန်အကျုံးဝင်သည်။

၎င်းတို့ထံတွင် လက်နက်များ၊ ဆေးလုံးများနှင့် ကောင်းကင်ရတနာအချို့ပင် ရှိတတ်သည်။ ပို၍ကောင်းမွန်သော ကမ္ဘာကြီးများမှ ရတနာခန်းမများနှင့် မနှိုင်းယှဥ်နိုင်သော်လည်း ၎င်းတို့သည်လည်း ဤကမ္ဘာတွင်တော့ မဆိုးဝါးလှဟုပင် သတ်မှတ်ထားကြရသည်။

အစေခံတစ်ယောက်၏ လမ်းညွှန်မှုအောက်တွင် ရီချန်းဂျီသည် ဝိညာဉ်ရတနာနယ်မြေသို့ ရောက်လာသည်။ ဝိညာဉ်အသီးအနှံအားလုံးကို အထူးကောင်တာပေါ်တွင် တင်ထားပြီး ကြွယ်ဝသောဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်နေလျှက်ရှိသည်။ ၎င်းတို့သည် အလွန်အရည်အသွေးမြင့်မားကြပေသည်။

ဤနေရာသို့ ရောက်လာကြသော ပညာရှင်အားလုံးသည် စည်းမျဥ်းစည်းကမ်းများအတိုင်း လုပ်ကိုင်ကြရသည်။ စည်းကျော် ဘောင်ကျော် မည်သည့်လှုပ်ရှားမှုမှ မလုပ်ရဲကြပေ။ ထိုမျှကြီးမားသည့် ရတနာခန်းမထဲတွင် ကျွမ်းကျင်သူ အစောင့်အကြပ်များ များစွာ ရှိနေပေသည်။

သူ၏ အာရုံများမှတဆင့် ဤနေရာတွင် အမှောင်ထဲတွင် ပုန်းအောင်းနေသော ပညာရှင် အနည်းဆုံး တစ်ဒါဇင်ခန့် ရှိကြောင်း သူ သိရှိခဲ့ရသည်။ တစ်ခုခုကို နှောက်ယှက်သည့် သူများရှိလာသည်နှင့် ချက်ချင်း နှိမ်နှင်းအရေးယူရန် ဆောင်ရွက်ကြမည် ဖြစ်သည်။

ယခင်ကဆိုလျှင် ရတနာခန်းမအား လာရောက်ပြီး ပြဿနာရှာချင်သူများ ရှိ၏။ ထိုသူတို့မှာ မကြာခင်တွင်ပင် အကြောင်းအမျိုးမျိုးနှင့် သတ်ဖြတ်ခံလိုက်ရ၏။ ထိုအဖြစ်အပျက်များ ဖြစ်ပျက်ပြီးမှသာ လူတို့သည် ကုန်သည်ကြီးများနောက်ကွယ်မှ ခိုင်မာမှုကို အမှန်သိမြင်လာကြသည်။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now