255

177 10 0
                                    

အခန်း 255- ချူးယွဲ့လီ၏ထိတ်လန့်မှု

လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်အောက်တွင် အင်ပါယာအဆင့် ခွန်အားသည် ချူးယွဲ့လီနှင့် အလွန်နီးကပ်စွာ ထိတွေ့နေလျှက်ရှိသည်။

သူမ စိတ်အာရုံထဲတွင် လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းတစ်ခုမှာ ကောင်းကင်ကြီးတစ်ခုလုံး ပြည့်နေအောင် အလင်းရောင်များ ဝန်းရံထားသည်ဟုပင် မြင်နေရလေသည်။ ထိုအလင်းမှာ တစ်ချက်ကြည့်လိုက်ရုံဖြင့် ချူးယွဲ့လီ၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေလောက်အောင်ပင် ပြင်းထန်လွန်းလှဿည်။

မဟာတာအို၏ အသံသည် ပဲ့တင်ထပ်ကာ လေထဲတွင် စွမ်းအင်များဖြင့် ပြည့်နှက်လာနေသည်။

သူမလည်း မတတ်သာစွာဖြင့် သူမ၏ စိတ်ဝိညာဉ်ကို လိုက်ပါကျင့်ကြံရတော့သည်။ ထိုအခိုက်တွင် သူမ၏ စိတ်အာရုံထဲတွင် စကားတစ်ခွန်း ပေါ်ထွက်လာ၏။ 

‘အင်ပါယာအဆင့်နားလည်သိမြင်ခြင်း’

၎င်းကိုမြင်လိုက်ရလျှင် သူမတစ်ကိုယ်လုံး တုန်လှုပ်ခြောက်ခြားသွား၏။ ဤသည်မှာ အင်ပါယာတစ်ပါး၏ နားလည်မှုဖြစ်သည်။

ဤနည်းဖြင့် သူမသည် နောက်ပိုင်းတွင် အနည်းငယ်သာ အားစိုက်ထားစရာလိုတော့မည်ဖြစ်သည်။ သူမအတွက် အင်ပါယာအဆင့်သို့ တက်ရောက်ရမည်မှာ ကိတ်မုန့်တစ်လုံးကို ခွဲစားရသလိုပင် လွယ်ကူသွားတော့မည် ဖြစ်သည်။ သူမတွင် ဝိညာဉ်ချီစွမ်းအင်၊ စိတ်ဝိညာဉ်စွမ်းအင်နှင့် ခန္ဓာကိုယ်၏ လိုအပ်ချက်တို့ ပြည့်မှီသွားပြီဆိုလျှင် အင်ပါယာအဆင့် ညဏ်အလင်းကို ရရှိထားပြီး ဖြစ်သဖြင့် အင်ပါယာအဆင့်ကို အလွယ်တကူတက်ရောက်နိုင်ပြီဖြစ်သည်။

ထို့အတွက်ကြောင့် သူမတို့၏ ကောင်းကင်နှင်းနန်းတော်သည် နောင်တစ်ချိန်တွင် အားအကောင်းဆုံးဂိုဏ်း ဖြစ်လာတော့မည်ဟု ဆိုနိုင်ပေသည်။ ထိပ်တန်းကမ္ဘာကြီးများကို ခြေဆန့်ဖို့အထိပင် သူတို့ ကြိုးစားနိုင်ခွင့်ရှိလာတော့ပေမည်။

သို့သော် သူမ အလွန်တရာပျော်နေသော်လည်း ဤအရာအားလုံးကို သူမ ရှေ့မှလူက ပေးထားကြောင်း သူမ အမြန်သဘောပေါက်လိုက်သည်။ ထိုအကြောင်းကို သူမ မမေ့ရဲခဲ့ပေ။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now