207

217 13 0
                                    

အခန်း 207- ယုချီစီကို စစ်ဆေးမေးမြန်းခြင်း

နတ်ဆိုးအင်ပါယာကမ္ဘာ။

ရီချန်းဂျီသည် သူ၏ ဟောပြောပွဲကို အဆုံးသတ်ခဲ့လိုက်သည်။

သူသည် ကောင်းကင်ဘုံလူသားကမ္ဘာမှာကတည်းက စနစ်ထံမှ ပန်းပဲပညာများ လက်နက်သန့်စင်နည်းများ ရတနာများကို သန့်စင်နည်းများကို ရရှိပြီးနောက် စိတ်အားထက်သန်စွာဖြင့် အပတ်တကုတ် ကျင့်ကြံခဲ့သည်။

အစပိုင်းမှာတော့ သူ့ကိုယ်သူ လုံခြုံမှုရှိစေဖို့အတွက် ကမ္ဘာ့အကာအရံကို ဖန်တီးရန်သာ သူ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ယနေ့ အတွေ့အကြုံအရ သူ တစ်ခုခုကို ရှာဖွေတွေ့ရှိခဲ့ပေသည်။ ဘယ်အချိန်က ဘာဖြစ်သွားသည်ကို မသိခဲ့သော်လည်း သူသည် ပန်းပဲပညာရပ်ကို နှစ်သက်သွားခဲ့မိသည်။

ဤပန်းပဲပညာရှင်များအဖွဲ့ကို သင်ကြားပေးခဲ့ရခြင်းသည် အလွန်ကောင်းသည်ဟု ခံစားနေခဲ့ရပြီး ရီချန်းဂျီ ထိုခံစားချက်ကို အလွန်နှစ်သက်နေမိသည်။

ကောင်းကင်ဘုံလူသားကမ္ဘာသို့ သူပြန်ရောက်လျှင် ပန်းပဲပညာရှင်အဖွဲ့အစည်းတစ်ခုကို တည်ထောင်မည် သို့မဟုတ် အသင်္ချေပန်းကမ္ဘာမှ ပန်းပဲပညာရှင်မဟာမိတ်နှင့် ဆင်တူသော အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းမည်ဟု သူဆုံးဖြတ်ထားပြီး ဖြစ်သည်။

ထိုပန်းပဲပညာရှင်များ၏ လေးစားမှုနှင့် စိတ်လှုပ်ရှားနေသည် အမူအရာများကို ကြည့်ရင်း ရီချန်းဂျီ လက်ခုပ်တီးကာ ပြောလိုက်သည်။

"အားလုံးပဲ... မင်းတို့ရဲ့ ဝိညာဉ်အာရုံတွေကို တိုးတက်အောင် ကျင့်ကြံပြီး မင်းတို့ရဲ့ ကိုယ်ပိုင် နတ်ဆိုးမီးတောက်တွေကို မွေးမြူလိုက်တော့..."

ထိုစကားကိုပြောပြီးနောက် သူလှည့်၍ ကုန်းယဲ့မုန်ယွဲ့နှင့် အခြားလူများဆီသို့ လျှောက်လာလိုက်သည်။

“သခင်ရီ... ရှင့်ရဲ့ အရည်အချင်းတွေက တကယ်ကို ထူးထူးခြားခြားပဲ... ပန်းပဲပညာရပ်လမ်းစဥ်မှာ သခင်ရီရဲ့ အောင်မြင်မှုတွေက အတော်လေးနက်ရှိုင်းနေပြီပဲ...”

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now