303

75 9 0
                                    

အခန်း 303- အမြင့်မြတ်ဆုံးသော လျှို့ဝှက်ဆန်းကြယ်ကျင့်စဥ်

ထိုအချိန် လီမိသားစု၏ အိမ်တော်ထဲတွင်....

"ဒါဘာကြီးလဲ…"

“ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အော်ရာလဲ.... ငါ့ဝိညာဉ်တောင် တုန်ခါနေတယ်... တစ်ယောက်ယောက်များ အင်ပါယာနယ်ပယ်ကို ချိုးဖြတ်သွားနိုင်တာလား... မိသားစုထဲက ဘယ်အကြီးအကဲလဲ..."

“ဒုတိယအကြီးအကဲဖြစ်မယ်ထင်တယ်... သူက အင်ပါယာအဆင့်ကို ခြေလှမ်း တစ်ဝက်လောက် ရောက်နေတာ ကြာပြီ... မိသားစုထဲမှာတော့ သူပဲ ရှိမယ်...”

“မဟုတ်ဘူး... ရွှေရောင်အလင်းတန်းက ဘယ်ကလာလဲဆိုတာ ကြည့်လိုက်ဦး... ပိုင်ရှင်းခြံဝင်းကနေ လာတာ..... မနေ့က ဧည့်သည်သုံးယောက်ကို အဲဒီခြံဝင်းထဲမှာ ထားတာမဟုတ်လား... သူတို့ ကျင့်ကြံမှုအဆင့်က ဘယ်လိုလဲ... သူတို့မှာ ဒီလောက် အစွမ်းထက်တဲ့ အော်ရာ ဘယ်လိုရှိနိုင်မလဲ...” လီမိသားစုဝင်များ ဆွေးနွေးနေခဲ့ကြသည်။

သူတို့အားလုံး စုရုံးပြီး ကောင်းကင်တွင် ဖြည်းညှင်းစွာ ပျောက်ကွယ်နေသည့် ရွှေရောင်အလင်းတန်းကို အားကျသည့် အမူအရာများနှင့် ကြည့်နေခဲ့ကြသည်။

ထိုမျှအားကောင်းသည့် အော်ရာနှင့် ထိုလူမှာ အစစ်အမှန်အင်ပါယာအဆင့်နှင့် မဝေးတော့ဟု ဆိုလိုနေသည် မဟုတ်လော။

အင်ပါယာအဆင့်သည်မှာ ကျင့်ကြံသူတိုင်း ရောက်ရန် အိပ်မက်မက်ခဲ့ကြသော နယ်ပယ်ဖြစ်သည်။ အင်ပါယာတစ်ပါး ဖြစ်လာပြီးနောက် ခွန်အားတွင်ဖြစ်စေ ညဏ်အလင်းတွင်ဖြစ်စေ ကမ္ဘာတုန်လောက်သော ပြောင်းလဲမှုကြီးကို ကြုံတွေ့ရမည် ဖြစ်သည်။ ထိုအဆင့်သည့် ကျင့်ကြံသူ တစ်ဦးအတွက် ပြီးပြည့်စုံသော အသွင်ကူးပြောင်းမှုဟု ယူဆနိုင်သည်။

ထိုအချိန်တွင် ပိုင်ရှင်းခြံဝင်းလေးထဲတွင် နင်းမန်မန်းနှင့် ပိုင်အော့ရှန်အပြင် လီချန်းထျန်နှင့် လီမြောင်လင်တို့လည်း ရောက်ရှိလာကြသည်။

ရွှေရောင်အလင်းတန်းကို မြင်လိုက်ရသည့်အခိုက်မှာပင် သူတို့ ဧည့်သည်များဆီသို့ ချက်ချင်း ထွက်လာခဲ့ခြင်း ဖြစ်သည်။ ရီချန်းဂျီမှ ရွှေရောင်အလင်းတန်းကို တကယ်ပင် ဖြစ်စေခဲ့သည်ကို သိလိုက်ရသည့်အခါ သားအဖနှစ်ယောက် အတော်လေး အံ့ဩသွားခဲ့သည်။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now