ဘုန်း.... ဘုန်း.. ဘုန်း....

ပေါက်ကွဲသံသုံးချက်ဆင့် ထွက်ပေါ်လာပြီး ရွှေကြာပန်းများ လေထဲတွင် ပွင့်အာလို့လာသည်။ ကြာပန်းတစ်ရွက်စီတွင် မဟာတာအို၏ အနှစ်သာရများ၀င်ပြီး ကမ္ဘောလောက၏ နိယာမများ အပြန်အလှန် ပေါင်းစပ်ထားသည်။ ကောင်းကင်နှင့်မြေကြီး၏ နိယာမများ စုဝေးနေကာ ကောင်းကင်ကို လင်းထိန်နေစေသည်။

လီမြောင်ရှန်သည် အရေးကြီးသော အခိုက်အတန့်သို့ ရောက်ရှိနေခဲ့လေသည်။

သူမ၏ ပုံရိပ်သည် လေထဲတွင် လွင့်မျောနေပြီး အလင်းရောင်နှင့် ဟင်းလင်းပြင်တာအိုများဖြင့် ဝန်းရံထားသည်။ အလယ်ဆင့် အင်ပါယာ၏ အော်ရာ ထွက်ပေါ်လာပြီး တပြိုင်နက်ပင် အေးစက်နေသော အော်ရာတစ်ခုလည်း ထွက်ပေါ်လာလေသည်။

ထိုအချိန်တွင် လီမိသားစုမှ လူများအားလုံးသည် ကျောရိုးထိအောင့် စိမ့်တက်သွားသည့် အေးစက်ခြင်းကို ခံစားလိုက်ရသည်။ ရေခဲခန်းထဲတွင် ရောက်နေသလိုပင် ဖြစ်နေခဲ့ကြသည်။ သူတို့၏ ခန္ဓာကိုယ်သာမက ဝိညာဉ်စွမ်းအင်များနှင့် ဒန်တျန်တို့သည်လည်း အေးခဲသွားခဲ့သည်။

ထိုအအေးဓာတ်သည် လီမြောင်ရှန်၏ ထိန်းချုပ်မှုအောက်တွင်ပင် ရှိနေသော်လည်း ၎င်းသည် အလွန်ကြောက်စရာကောင်းနေပြီ ဖြစ်သည်။

သူမသာ အစွမ်းကုန်ထုတ်သုံးလိုက်လျှင် မြို့တော်တစ်ခုလုံးပင် ရေခဲပန်းပုမြို့တော် ဖြစ်သွားနိုင်ပေသည်။

“ဒီအအေးဓာတ်က ကြောက်စရာကောင်းလိုက်တာ....” လီကျန်းထျန် အံ့သြပြီးရင်း အံ့ဩနေရသည်။

ယခင်က လီမြောင်ရှန်၏ အအေးဓာတ်များမှာ ပြင်းထန်လှသော်လည်း သူ့အတွက် ဂရုစိုက်စရာ မဟုတ်ခဲ့ပေ။ ယခု အအေးဓာတ်များနှင့် ထိတွေ့လိုက်ရသည်တွင်တော့ သူ၏ စိတ်ဝိညာဉ်ထဲမှပင် ကြောက်ရွံ့မှုကို ခံစားလာရလေသည်။

သူသည် အင်ပါယာနယ်ပယ်အလယ်အဆင့်မှ ကျွမ်းကျင်သူဖြစ်သည်။ ယခုအချိန်တွင် လီမြောင်ရှန်ကသာ သူ့အား ရုတ်တရက် တိုက်ခိုက်ခဲ့မည်ဆိုလျှင် တိုက်ခိုက်မှုကို သူ ခုခံကာကွယ်နိုင်မှာ မဟုတ်တော့ပေ။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Kde žijí příběhy. Začni objevovat