"ဟမ့်... နင်တို့က ငါတို့ကို စိတ်ဆိုးစေပြီးမှ တောင်းပန်ချင်သေးတာလား.... နင်တို့မှာ အခွင့်အရေး ရှိမယ်လို့ထင်နေတာလား...!"

နင်းမန်မန်း၏ စကားမှာ သူတို့အား သေဒဏ်ချမှတ်လိုက်ခြင်းပင် ဖြစ်တော့သည်။

ထိုစကားကိုကြားလျှင် သူတို့အဖွဲ့မှာ ချက်ချင်းပင် မျှော်လင့်ချက်များ ဆုံးရှုံးသွားပြီး သူတို့၏ အသက်ကို ပြင်းပြင်းထန်ထန် ခုခံကာကွယ်ကာ တိုက်ခိုက်ကြတော့သည်။

သူတို့မျက်လုံးထဲမှာ တိုက်ပွဲဝင်လျှင် အသက်ရှင်ဖို့ အခွင့်အလမ်းရှိနိုင်ဦးမည်ဟု မျှော်လင့်နေခဲ့ကြသည်။ ဤနေရာတွင် ဆက်လက် ဒူးထောက်နေခြင်းက သေခြင်းတရားကိုသာ စောင့်မျှော်နေရပေလိမ့်မည်။

သူတို့ ပြန်လည်တိုက်ခိုက်ချင်သော်လည်း အင်ပါယာတစ်ပါး၏ ဖိအားအောက်တွင် အင်ပါယာတစ်ပိုင်းများ၏ တိုက်ခိုက်မှုများမှာ အချည်းနှီးပင် ဖြစ်သည်။ နင်းမန်မန်း၏ လက်ဝါးမှ စွမ်းအင်များမှာ ချွန်ထက်သော ဓားသွားများအဖြစ် ပြောင်းလဲသွားကာ ၎င်းတို့အားလုံးကို သတ်ပစ်လိုက်တော့သည်။

"ဘယ်လို..."

ထိုအချိန်တွင် လီမြောင်လင်သည် လုံးဝ အံ့အားသင့်နေသည်။ သူမသည် နင်းမန်မန်းကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

သူမသည် မူလက ထိုလူများကို တားဆီရုံသာ တားဆီးစေခဲ့ချင်သော်လည်း ဤအဖွဲ့ကို ထိုကဲ့သို့ အလွယ်တကူ သတ်ပစ်နိုင်ရန် သူမ မျှော်လင့်ခဲ့ပေ။ တိုက်ခိုက်မှု တစ်ချက်တည်းနှင့်ပင် ထိုမိန်းမငယ်သည် အထွတ်အထိပ်အဆင့် အင်ပါယာတစ်ပိုင်း အများအပြားကို သတ်ပစ်ခဲ့သည်။ သူမသည် မည်သည့်ကျင့်ကြံမှုအဆင့်သို့ ရောက်ရှိနေခဲ့သနည်း။

နင်းမန်မန်းသည် သူမနှင့် အသက်တူတူဟု ထင်ရသော်လည်း တကယ်တမ်းတွင် သူမသည် အလွန်တရာ အစွမ်းထက်လွန်းနေလေသည်။

အင်ပါယာနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များမှာ မြို့တော်မှာပင် ရှားရှားပါးပါးဖြစ်သည်။ ယနေ့ သူမထွက်ပြေးနေရင်း အင်ပါယာတစ်ပါးနှင့် ထိပ်တိုက်တွေ့ရရုံသာမက သူမကို အကူညီပင် ပေးခဲ့သေးသည်။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Wo Geschichten leben. Entdecke jetzt