သူတို့နှစ်ဖွဲ့မှာ တူညီသော အဆင့်အတန်းတွင် မရှိတော့ပေ။ ပုရွက်ဆိတ်များ မည်မျှများပြားပါစေ ခွန်အားကြီးသည့် သားရဲများ၏အမြင်တွင် ဘာမှတန်ဖိုးရှိမှာ မဟုတ်ပေ။

ပိုင်အော့ရှန်သည် ကန္တာရဓားဂိုဏ်းမှလူများ လက်နက်ချသွားသည်ကို ကြည့်နေ၏။

“ကောင်းပြီ... ဒီနေ့ကစပြီး ကန္တာရဓားဂိုဏ်းရဲ့ အမည်ရှိတော့မှာ မဟုတ်ဘူး... ကန္တာရဓားဂိုဏ်းက သူ့ရဲ့အမည်ကို နှင်းဓားဂိုဏ်းအဖြစ် ပြောင်းလဲပြီး ငါတို့ဂိုဏ်းရဲ့ လက်အောက်ခံဂိုဏ်းတစ်ခု ဖြစ်လာရလိမ့်မယ်...”

"ကောင်းပါပြီ နန်းတော်သခင်မ...!" ဝမ်ကျန်းဒေါင်မှာ ခါးသီးစွာ ပြောလိုက်သည်။

ထိုအခိုက် စုယွင်သည် သူမ၏ အင်ပါယာအော်ရာကို ထုတ်ဖော်လိုက်ပြီး ကန္တာရဓားဂိုဏ်းမှ လူတိုင်း၏ ခေါင်းပေါ်တွင် ၎င်းတို့ကို ဖိနှိပ်နေသည့် ရှေးဟောင်းတောင်ကြီးတစ်ခုလို ကောင်းကင်ပေါ်တွင် ဖြစ်ပေါ်လာ၏။ သူတို့၏ အသက်ရှုသံများ မြန်ဆန်လာပြီး ထိုအချိန်တွင် သေတော့မလိုပင် ခံစားနေရလေသည်။

ထိုမျှအစွမ်းထက်သည့် အော်ရာကို သူတို့ မမြင်ဖူးခဲ့ပေ။ ၎င်းသည်ပင် အင်ပါယာတစ်ပါး၏ အော်ရာပင် ဖြစ်တော့သည်။

အကြီးအကဲများနှင့် ဝမ်ကျန်းဒေါင် အပါအဝင် ကန္တာရဓားဂိုဏ်းမှ တပည့်များသည် နတ်ဘုရားနှင့်တူသော အကြီးအကဲစုယွင်ကို ကြောက်ရွံ့သော မျက်လုံးများဖြင့် မော့ကြည့်နေကြရသည်။

ဝမ်ကျန်းဒေါင်သည် သူ၏ ကလေးဆန်သော အပြုအမူကို ပြန်လည်တွေးတောမိသောအခါ ရှက်လာတော့သည်။

"မင်းတို့ ကောင်းကင်နှင်းနန်းတော်ကို အညံ့ခံလိုရင် စိတ်ရင်းမှန်အတိုင်း ဖြစ်ရမယ်... အင်ပါယာတစ်ပါးရဲ့ အရှိန်အဝါအောက်မှာ လိမ်ညာလို့ရမယ်ထင်ရင် စမ်းကြည့်လိုက်... မင်းတို့ ငါတို့ကို လှည့်စားချင်တာတွေ့ရရင် ငါကိုယ်တိုင် အဲဒီလူကို ဖျက်ဆီးပစ်မယ်...”

“မှတ်ထား... မင်းတိူ့မှာ အခွင့်အရေးတစ်ခါပဲရှိတယ်... မင်းတို့ ကောင်းကောင်းစွမ်းဆောင်နိုင်ရင် ငါ မင်းတို့ကို လမ်းညွှန်ချက်တစ်ချို့ပြပေးနိုင်တယ်....”

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now