Snow Leopard အဖွဲ့ ဖွဲ့စည်းခြင်းမှာ အလွန်ပြန့်ကျဲနေသည်။ သူတို့သည် တန်းစီနေကာ ကစားသမားများကြား အကွာအဝေးမှာ အလွန်ဝေးသည်။

မြေပုံ၏အလယ်ဗဟိုတွင် နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုအပြီးတွင် VV အဖွဲ့၏ ရှေ့တန်းမှ လူသုံးဦးသည် တစ်ချိန်တည်းတွင် ဘယ်၊ညာနှင့် ဗဟိုလမ်းများမှ ပစ်ခတ်ခဲ့သည်။ Snow Leopardအဖွဲ့၏ အားဖြည့်သူနှင့် ချေမှုန်းသူအား ပြိုင်ဘက်များက မတုံ့ပြန်မီ အသေသတ်ပစ်လိုက်သည်။

VVသည် အစပိုင်းတွင် ဦးခေါင်းနှစ်လုံးယူခဲ့ပြီး အသင်းမှာ စိတ်ဓာတ်မြင့်မားသွားခဲ့သည်။ သူတို့သည် Snow Leopardအဖွဲ့ကို ဆက်လက်ချီတက်ပြီး ဖျက်ဆီးလိုကြသည်။

Snow Leopard အဖွဲ့ ဖွဲ့စည်းခြင်းမှာ အလွန်ပြန့်ကျဲနေသည်။ သူတို့မှာတန်းစီနေကာ ကစားသမားများကြား အကွာအဝေးသည် အလွန်ဝေးသည်။

သို့သော် သူတို့သည် ရန်သူကင်းထောက်နှင့် စနိုက်ပါများ၏ တည်နေရာကိုမတွေ့နိုင်ပေ။ လူငါးဦးသည် မြေပုံပေါ်တွင် အချိန်အတော်ကြာ ရှာဖွေခဲ့ကြသည်။ ထို့နောက် စက္ကန့်အနည်းငယ်အတွင်း သူတို့နောက်မှ သေနတ်သံများ ရုတ်တရက်ထွက်ပေါ်လာသည်။

စနိုက်ပါသမားသည် အချိန်တစ်ခုတွင် အနောက်သို့ လှည့်ပတ်သွားပြီး သူတို့၏ဆေးအကူကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်ခဲ့သည်။ ထို့နောက် ချက်ခြင်းပင် Snow Leopard အဖွဲ့၏ ပြန်လည်အသက်ဝင်လာသော အားဖြည့်သယူနှင့် ချေမှုန်းသူတို့သည် အနောက်မှထွက်လာပြီး ပြင်းထန်စွာ ပစ်ခတ်ခဲ့သည်။ ကျည်ဆန်များသည် သဲသဲမဲမဲရွာချကာ VV အဖွဲ့မှအဖွဲ့ဝင်ငါးဦးကို ချက်ချင်း သုတ်သင်ပစ်လိုက်သည်။

ဖန်သားပြင်ကြီးတွင် ဦးခေါင်းအချိုးသည် အစတွင် 2:0 မှ 2:5 သို့ တခဏချင်း ပြောင်းလဲသွားသည်။

မှတ်ချက်ပေးသူနှစ်ဦးမှာ ရင်ခုန်နေကြသည်။ "ဒီလှိုင်းမှာ Snow Leopard ကစားသမားတွေက သူတို့ရဲ့အနေအထားတွေကို ပြောင်းပြီး အရမ်းလှလှပပ ကစားခဲ့ကြတယ်"

"Snow Leopardရဲ့ စတင်ဖွဲ့စည်းပုံဟာ အနည်းငယ် ပြန့်ကျဲနေပုံရပေမယ့် ဒီလိုမျိုး ပြန့်ကျဲသွားတဲ့အခါ တစ်ဖက်ကနေ လှည့်ပတ်ရတာ ပိုလွယ်တယ်။ ဒီလှိုင်းမှာ သူတို့ နောက်ဘက်ကိုပတ်ပြီး 5 ကို 0 နဲ့ လဲလိုက်တယ်။ စနိုက်ပါဟာ နောက်တစ်ကြိမ် သတ်ပစ်ဖို့ နှစ်ဆရသွားပြန်တယ်"

ရွှေအဆင့်နည်းပြWhere stories live. Discover now