ချန်ဖိုင်ဖန်းမှာ ထိတ်လန့်သွားပြီး အဖွဲ့သားများအား အစည်းအဝေးခေါ်လိုက်သည်။ "RED အကြောင်း လူတိုင်းသိမယ်လို့ ငါယုံတယ်။ အခု လိဂ်က စည်းကမ်း တင်းကျပ်နေပြီ။ နောက်တစ်ပတ်ပွဲစဉ်အတွက် JZ အသင်းနဲ့ ကစားရမှာပဲ။ စိတ်အားထက်သန်ပြီး ကောင်းကောင်းပြင်ဆင်ရမယ်။ နည်းပြကျန်းက ပွဲကြည့်ဖို့ ပွဲကျင်းပမယ့်နေရာကို သွားနိုင်တယ်။ မင်းတို့ထပ်ပြီး အရှက်ရစေလို့မဖြစ်ဘူး"

ကျန်းရှောင်ယွီ၏စိတ်ထဲတွင် သူတို့၏ပုံရိပ်သည် အလွန်ဆိုးရွားနေပြီဖြစ်နိုင်သော်လည်း ယခုအခါတွင် သူတို့သည် အပြင်းအထန်ကစားချင်လာကြသည်။ သူတို့အား ကယ်တင်ခံရနိုင်သလား။

မတ်လ ၂၇ ရက် စနေနေ့တွင် ပုံမှန်ရာသီ၏ စတုတ္ထပတ် တရားဝင်စတင်ခဲ့သည်။

REDသည်လိဂ်ပြိုင်ပွဲမှ ထွက်ခွာသွားပြီးသည့်နောက် မူလဆယ်သင်းမှာ ကိုးသင်းဖြစ်သွားကာ အချိန်ဇယားအား ပြန်လည်ပြင်ဆင်ခဲ့သည်။ စနေနေ့ရှိ ပွဲစဉ်နှစ်ပွဲအနက် ပထမပွဲသည် FAD နှင့် JZ ကြားဖြစ်ပြီး ဒုတိယပွဲသည် COC နှင့် HW ကြားဖြစ်သည်။

ကျန်းရှောင်ယွီနှင့် ပိုင်ဖန်းတို့သည် ပြိုင်ပွဲကျင်းပရာနေရာသို့ ထပ်မံရောက်ရှိလာသည်။ နှစ်ယောက်သား ဧည့်ခန်းထဲသို့ အတူတူ လျှောက်သွားကြသည်။

မကြာမီစင်္ကြံမှ လောင်လင်း၏ ရယ်မောသံကို ကြားလိုက်ရသည်။ "ရှောင်ကျိုး၊ ငါတို့ကို ညစာဖိတ်‌ကျွေးဖို့ အချိန်တန်ပြီ မဟုတ်လား"

ကျိုးယီရန်မှာ ပြုံးပြုံးရွှင်ရွှင်နှင့် ‌ပြောလိုက်သည်။ "ကိစ္စမရှိဘူးလေ။ ပွဲအပြီးမှာ နေရာကိုဆုံးဖြတ်လိုက်"

လောင်လင်းနှင့် ရှောင်ကျိုးတို့သည် ပြီးခဲ့သည့် သီတင်းပတ်တွင် RED မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့စဉ်က သူတို့၏ အသင်းဖော်များနှင့် ဟော့ပေါ့စားခဲ့ကြသည်။ လောင်လင်းသည် ရှီရှောင်ဘင်းအား အထင်ကြီးသည်။ ရှီရှောင်ဘင်းသည် သူ့ပရိတ်သတ်ဖြစ်ပြီး သူ့ကြောင့်ပင်အားဖြည့်သူနေရာကို ကစားခဲ့သည်။ ရှီရှောင်ဘင်းသည် သူအနားယူရန် ဆုံးဖြတ်လိုက်သောအခါတွင် သူ့ကိုတွန့်ဆုတ်ကာ ခေါ်ထားချင်နေခဲ့သည်။

ရွှေအဆင့်နည်းပြWhere stories live. Discover now