သူ့အကြည့်များ ကောင်းကင်ကျောက်စာကို ထိလိုက်သည်နှင့် သူ့ရှေ့မှ မြင်ကွင်းမှာ တဖြည်းဖြည်း ပျက်ယွင်းလာပြီး ကောင်းကင်မှ ကြယ်များကို မြင်လာရသည်။ ရောင်စုံအလင်းတန်းများက ပတ်ဝန်းကျင်ကို လင်းထိန်နေစေပြီး လောကနိယာမများသည် သူ့ရှေ့တွင် ပျံ့နှံ့နေခဲ့သည်။ ၎င်းမှာ ထူးထူးခြားခြားပင် ကျက်သရေရှိနေခဲ့လေသည်။

ထိုအခိုက်အတန့်တွင် စကြာဝဠာ၏ မွေးဖွားခြင်းနှင့် မူလအစကို သူမြင်နေရလေသည်။ စိတ်ကူးယဉ်ဆန်စွာ လျှို့ဝှက်ဆန်းကြယ်သည့် မြင်ကွင်းများက သူ့ရှေ့တွင် လူးလားကူးခတ်နေပြီး လှပသည့် အချိန်၏ မြစ်တစ်စင်း သူ့ရှေ့တွင် စီးဆင်းနေလျှက်ရှိသည်။ သူသည် ထူးခြားသည့် နယ်ပယ်တစ်ခုနှင့် ထိတွေ့နေခဲ့လေသည်။

‘ဒါက...’

သူ၏ ဝိညာဉ်မှ ကွဲပြားသော နားလည်မှုတစ်ခုကို သူ ခံစားနေရသည်။ သူ အရင်က နားမလည်ခဲ့ဖူးသည့် သဘောတရားများ အားလုံးမှာ ထိုအချိန်တွင် သူ့စိတ်ထဲတွင် ပြတ်သားစွာ ရောက်ရှိနေပြီ ဖြစ်သည်။

အချိန်နှင့် အာကာသ၏ မဟာတာအို၊  ခွန်အားမဟာတာအို၊  အသက်စွမ်းအင်မဟာတာအို၊ သေဆုံးခြင်းမဟာတာအို၊ မဟာတာအိုပေါင်းများစွာတို့သည် အလင်းတန်းများကဲ့သို့ သူ့စိတ်ထဲတွင် စီးဆင်းနေပြီး သူ့အား နောက်တစ်ဆင့်ကို ဖြတ်ကျော်နိုင်ရန် ကူညီပေးနေသည်။

ဘန်း....!

ထိုအခိုက်အတန့်တွင် သူ၏နယ်ပယ်သည် နတ်ဘုရားနယ်ပယ်သို့ တိုက်ရိုက်ရောက်ရှိလာပြီး သူ၏ အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ထို့အပြင် သူ၏ကျင့်ကြံဆင့်သည် နတ်ဘုရားနယ်ပယ်၏ အလယ်အလတ်အဆင့်မှ နတ်ဘုရားနယ်ပယ်၏ နောက်ပိုင်းအဆင့်အထိ နယ်ပယ်အငယ်တစ်ခုကို တိုက်ရိုက်ဖြတ်ကျော်သွားသည်ဟု သူခံစားခဲ့ရသည်။

ပြင်ပကမ္ဘာတွင်မူ လျှို့ဝှက်ခန်းထဲတွင် ပိုင်အော့ရှန်နှင့် တခြားသူများမှာ ရီချန်းဂျီ ရုတ်တရက် လမ်းလျှောက်နေခြင်း ရပ်တန့်သွားသည်ကို တွေ့လိုက်ရသည်။ သူတို့ ပဟေဠိဖြစ်စွာနှင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေစဥ်မှာပင် သူ့ခန္ဓာကိုယ်မှ ရောင်စုံအလင်းတန်းများ ဖြာထွက်လာသည်ကို ရုတ်တရက် မြင်လိုက်ရသည်။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now