“မဟာအကြီးအကဲ... အကြီးအကဲက... ဟိုဟာ ဖြစ်သွားတာ ဟုတ်တယ်မလား…”

တခြားသူများလည်း သိချင်စိတ်များ အပြည့်နှင့် ဝိုင်းကြည့်နေကြလေသည်။

ဆယ်စုနှစ်များစွာကြာအောင် ရှာဖွေခဲ့ကြသော်လည်း ဤအကြီးအကဲကို မတွေ့နိုင်ခဲ့ကြပေ။

"သေသွားတာ... ဟုတ်တယ်... ဒါပေမယ့် တကယ်မသေခဲ့ဘူး...!" အကြီးအကဲစုယွင် အပြုံးမပျက် ပြန်ပြောသည်။

မဟာအကြီးအကဲသည် ယခု မည်သို့သော စကားများကို ပြောနေသနည်း။ ပိုင်အော့ရှန်သာမက တခြားအကြီးအကဲများလည်း စိတ်ရှုပ်ကုန်သည်။ မဟာအကြီးအကဲနှင့် အရင်းနှီးဆုံးဆက်ဆံရေးရှိသည့် အကြီးအကဲ ထျန်းရွှမ်ပင်လျှင် အံ့အားသင့်သွားခဲ့သည်။

သူမသည် စုယွင်ကို စိုက်ကြည့်နေသည်။ သူမ ခန္ဓာကိုယ်မှ ထွက်လာနေသော ရင်းနှီးသော အော်ရာကြောင့်သာ မဟုတ်လျှင် ဤသည်မှာ စုယွင် မဟုတ်ဟု ကောက်ချက်ချမိပေလိမ့်မည်။

“အဲဒီအချိန်က ငါ ပေတစ်ထောင်ကျော် မြင့်တဲ့ ချောက်ကမ်းပါးပေါ်ကနေ ခုန်ချပြီး ဒဏ်ရာအပြင်းအထန်ရခဲ့တယ်.... ငါ့ တစ်ကိုယ်လုံး အကြောတွေသေကုန်ပြီလို့တောင် ထင်နေခဲ့တာ,,,,”

“ကံကောင်းထောက်မစွာပဲ နောက်ပိုင်းမှာ ငါ ထူးခြားတဲ့ ဝိညာဉ်အသီးကို ရှာဖွေတွေ့ရှိခဲ့ပြီး ဝိညာဉ်စွမ်းအင်ကို တဖြည်းဖြည်း ပြန်လည်ရရှိနိုင်ခဲ့တယ်.... အဲဒီနောက်မှာမှ ငါ့ဒဏ်ရာတွေ တဖြည်းဖြည်းသက်သာလာခဲ့တာ....”

စုယွင်ကို ကြည့်ပြီး အားလုံး နှလုံးသားထဲတွင် တူန်လှုပ်နေမိကြသည်။

ပေတစ်ထောင်မြင့်သည့် ချောက်ကမ်းပါးမှ ခုန်ချပြီး မည်သို့ အသက်ရှင်နိုင်သနည်း။ ထိုနေရာသည် မည်သို့သော နေရာဖြစ်သည်ကိုလည်းသူတို့ ခန့်မှန်းနိုင်ကြသည်။

ထိုနေရာတွင် နတ်ဆိုးသားရဲများ အများအပြား ရှိသည်ဟု သူတို့ ကြားခဲ့ဖူးသည်။ ထိုနေရာမှ အသက်ရှင်လျက် မည်သူမျှ ထွက်လာနိုင်ခြင်း မရှိခဲ့ပေ။ အားကောင်းသော ပညာရှင်များပင် ထိုနေရာကို မဝင်ရဲခဲ့ကြပေ။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now