အဆင့်သတ်မှတ်ချက်အရဆိုလျှင် ၎င်းသည် အင်ပါယာအဆင့်ရတနာထက်ပင် ကြီးမြတ်သည်။ အင်ပါယာအဆင့်ရတနာ၏ လုပ်ဆောင်နိုင်မှုမှာ တိုက်ခိုက်ခြင်း ခုခံခြင်းတွင်သာ ဖြစ်သည်။ ခေးအော့မူလစွမ်းအင်၏ လုပ်ဆောင်ချက်မှာမူ အသက်စွမ်းအင်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ရုံသာမက ကျင့်ကြံခြင်းကိုလည်း တိုးမြင့်ပေးပြီး စွမ်းအင်နိယာမများအား အာရုံခံနိုင်စေခြင်း၊ တာအိုဒဏ်ရာများကို ကုသပေးနိုင်ခြင်း.... စသဖြင့် အကျိုးကျေးဇူးများစွာ ရှိသည်။

ပလွတ်...!

ရီချန်းဂျီသည် သူ့လက်ချောင်းကို တောက်လိုက်ပြီး ခေးအော့စ်စွမ်းအင်အရည်စက်ကို သူမ၏ မျက်ခုံးကြားရှိ နေရာကို ပစ်သွင်းလိုက်သည်။

ချက်ခြင်းပင် သူမ၏ ခန္ဓာကိုယ်မှ ထက်ရှသော အော်ရာ ထွက်လာတော့သည်။ မရေမတွက်နိုင်သော အလင်းတန်းများ ပေါ်လာပြီး သူမပင် နားမလည်နိုင်သော အော်ရာများ ထွက်ပေါ်လာတော့သည်။

ကမ္ဘာပေါ်ရှိ ချီစွမ်းအင်များသည် ရှည်လျားသော နဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး သူမ၏ ဒန်တျန်ထဲသို့ စီးဝင်ပေါင်းစည်းနေပုံရလေသည်။

“ဒါက....”

စုယွင်သည် သူမ၏ ခန္ဓာကိုယ်ထဲတွင် ပျံ့နှံ့နေသော ထူးဆန်းသော စွမ်းအားကို ခံစားလိုက်ရသည်။ ၎င်းမှာ သူမခန္ဓာကိုယ်ထဲတွင် နွေးထွေးစွာ လှည့်ပတ်နေပြီး သူမအား စပ်ဖျဥ်းဖျဥ်းပင် ခံစားမိနေစေသည်။

ထိုစွမ်းအင်များအောက်တွင် သူမ၏ ပင်ပန်းနွမ်းနယ်နေသော ကိုယ်တွင်းအင်္ဂါများသည် ထိုစွမ်းအင်များကို သဲကန္တာရထဲတွင် မိုးရွာချသကဲ့သို့ တစ်စက်မကျန် စုပ်ယူနေလေသည်။ ၎င်းတို့သည် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာနေပြီး အသက်စွမ်းအင်များဖြင့် တိုးတက်လာနေလေသည်။

ယခင်က သူမ နည်းမျိုးစုံကြိုးစားခဲ့သော်လည်း သူမ၏ ခန္ဓာကိုယ်အတွင်းမှ အင်္ဂါများ အားနည်းလာခြင်းကို မပြုပြင်နိုင်ခဲ့ပေ။ ယခုတော့ ထိုအင်္ဂါအားလုံးမှာ အသစ်ပြန်မွေးဖွားလာသလို ဖြစ်နေလေသည်။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now