ထိုအော်ရာသည် အလွန်အားကောင်းပြီး ကောင်းကင်တာအို၏ ခွန်အားနှင့်ပင် တူနေ၏။ ၎င်းသည် သာမာန်လူများအတွက် မခံနိုင်စရာဖြစ်ပြီး ကြီးကျယ်ခမ်းနားသော အရှိန်အဝါကို လူတို့ကို ခံစားရစေသည်။ ၎င်းသည် အလွန်တရာထူးခြားပြီး ထိုနေရာရှိလူများ နားမလည်နိုင်လောက်အောင် နက်နဲနေခဲ့သည်။

လူတိုင်း၏ ခန္ဓာကိုယ်များ တုန်လှုပ်သွား၏။ သူတို့ခန္ဓာကိုယ်မှ ခုခံနိုင်စွမ်းမရှိသော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရပြီး ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးကို ထိုစွမ်းအင်များမှ ဖိနှိပ်ထားပုံရ၏။

ထိုအခါမှ သူတို့ မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။ သူတို့တစ်ကိုယ်လုံးကို လှုပ်ရှားဖို့နေနေသာသာ လက်ပင်မလှုပ်နိုင်တော့ပေ။

“မန်မန်း... မင်း ထပ်ပြီး ရှုပ်နေပြန်ပြီ..” ရီချန်းဂျီ မာန်လိုက်သည်။

ထိုအခါမှ အဆုံးမရှိဟုထင်ရသော အော်ရာမှာ တ‌ဖြေးဖြေးချင်း လျော့ပါးသွားခဲ့သည်။ အမှန်တွင် နင်းမန်မန်း၏ အော်ရာဖြင့် ဖုံးအုပ်ထားခဲ့သည်မှာလူတိုင်းကို မဟုတ်ပေ။ မယုံသည့်ဟန်ဖြင့် မေးခွန်များထုတ်လာခဲ့သော သူများကိုသာဖြစ်သည်။

ပိုင်အော့ရှန်သည် နင်းမန်မန်းကို လှမ်းကြည့်လိုက်မိကာ သူမ၏ မျက်လုံးများတွင် တုန်လှုပ်ခြောက်ခြားမှုတို့ဖြင့် ပြည့်သွား၏။ တကယ်တမ်းတွင် သူမသည် အစောပိုင်းက နင်းမန်မန်း၏ ‌အော်ရာဖြင့် ဖိနှိပ်ခြင်း မခံခဲ့ရသော်လည်း ထိုစွမ်းအင်များ၏ နောက်ဆက်တွဲ ရိုက်ခတ်မှုတစ်ခုကပင် သူမကို ခံနိုင်ရည် မရှိစေလောက်အောင် ဖြစ်ခဲ့သည်ကို သူမ ခံစားမိခဲ့သည်။။

၎င်းအား ကြည့်လျှင် တိုက်ရိုက်ဖိနှိပ်ခြင်း ခံခဲ့ရသော အကြီးအကဲများ မည်သို့ ရှိမည်ကို တွေးကြည့်နိုင်ပေသည်။

နင်းမန်မန်၏ အော်ရာများ လွင့်ပါးပျောက်ကွယ်သွားမှ တိုက်ရိုက်ဖိနှိပ်ခံခဲ့ရသည့် အကြီးအကဲများမှာ အသက်ဝဝရှူနိုင်ကာ ကြမ်းပြင်ပေါ် ပစ်လဲကုန်ကြတော့သည်။

ကြောက်စရာ ကောင်းလွန်းလှသည်။

ယခုနက သူတို့မှာ သေခြင်းကမ္ဘာထဲသို့ ကျရောက်သွားသည်ဟု ထင်မှတ်နေမိကြသည်။ သူတို့၏ ခန္ဓာကိုယ်များသည် သေမင်း၏ ထူထပ်သော အော်ရာများဖြင့် ဝန်းရံထားပြီး နောက်တစ်ခဏတွင် သူတို့၏ ဝိညာဉ်များမှာ သူတို့၏ ခန္ဓာကိုယ်ထဲမှ လွင့်ထွက်သွားသလို ခံစားလိုက်ကြရသည်။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now