သူ့ဘဝတွင် မြင့်မြတ်တော်ဝင်ဆန်သည့် အမျိုးသမီးအချောအလှပေါင်းများစွာ မြင်တွေ့ခဲ့ဖူးပြီး ဖြစ်သည်။ ထိုအမျိုးသမီးများတောင်းဆိုသမျှကိုသာ သူလိုက်လုပ်ပေးနေရလျှင် ယခုအချိန်တွင် သူလည်း သူဖုန်းစား သာသာ ဖြစ်နေလောက်ပေမည်။

သူ လုပ်ပေးသမျှ အရာအားလုံးအတွက် တန်ရာတန်ကြေးတော့ ပြန်ရရှိမှသာ လုပ်ပေးနိုင်မည် ဖြစ်သည်။

သို့သော် ၎င်းမှာ ရီချန်းဂျီ၏ စိတ်အခြေအနေပေါ်တွင်လည်း မူတည်သေးသည်။

ဥပမာအားဖြင့် သူ့တပည့် အသက်ကို တစ်ကြိမ်ကယ်တင်ခဲ့သော ကောင်းကင်နှင်းနန်းတော်၏ ကျေးဇူးကြွေးအား ပြန်ပေးဆပ်ရန် တစ်ကြိမ်မက အကြိမ်အနည်းငယ် ပြုလုပ်ပေးခဲ့သည်။ ၎င်းမှာ လုံးဝမတူသည့်ကိစ္စဖြစ်သည်။

သူသည် ချူးယွဲ့လီ၏ ကယ်တင်ခြင်းအတွက် ချူးယွဲ့လီအား အင်ပါယာအဆင့် ညဏ်အလင်းမျှဝေပေးခဲ့ပြီး ဖြစ်သည်။ ထို့နောက် ကောင်းကင်နှင်းနန်းတော်သို့ လိုက်ပါလာခဲ့ကာ ထျောက်ထျဲ့သားရဲအား ဖမ်းဆီးပြီး နန်းတော် ပျက်စီးမည့်အရေးမှ ကယ်တင်ကာ နန်းတော်စောင့်သတ္တဝါအဖြစ် ဖန်တီးပေးခဲ့ပြီး ဖြစ်သည်။ ထိုမျှဆိုလျှင် ကျေးဇူးကြွေးအား ကောင်းကောင်း ပြန်ဆပ်ပြီးပေပြီ။

ယခုအချိန်တွင် သူသာ တစ်ကိုယ်ကောင်းဆန်လျှင် ဤနေရာတွင် သူ ဆက်နေစရာမလိုတော့ပေ။

ပိုင်အော့ရှန်သည် အလွန်ဉာဏ်ကောင်းသူဖြစ်သည်။ ရီချန်းဂျီကို တစ်ချိန်လုံး ဒုက္ခမပေးနိုင်ကြောင်း သူမသဘောပေါက်သည်။

အင်ပါယာတစ်ပါးသည် သူ၏ ညဏ်အလင်းကိုပင် မျှဝေပေးထားပြီး နန်းတော်ပျက်စီးမည့်အရေးမှ ကယ်တင်ပေးထားခဲ့သည်။

ထိုမျှသည်ပင် လက်ဆောင်ကြီးတစ်ခု ဖြစ်နေပေပြီ။

သူမတို့ နန်းတော်မှ ရှိရှိသမျှ ရတနာအားလုံး ပြန်ယူသွားမည်ဆိုလျှင်ပင် ရီချန်းဂျီအား အပြစ်ဆိုနိုင်မည် မဟုတ်ပေ။

ထို့အပြင် အင်ပါယာတစ်ပါးကဲ့သို့ အားကောင်းသော ပညာရှင်တစ်ဦးအတွက် ရတနာများ ချို့တဲ့နေဦးမည် မဟုတ်ပေ။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now