၎င်းမှာ ပုံမှန်ပင် ဖြစ်သည်။

လွန်ခဲ့သော ရက်အနည်းငယ်က ချူးယွဲ့လီနှင့် အခြားသူများသည် အသူရာနဂါးလျှို့ဝှက်နယ်မြေတွင် ရှိနေခဲ့ကြသည်။ ထိုစဥ်က လျှို့ဝှက်နယ်မြေ ပတ်ဝန်းကျင်မှ ဟင်းလင်းပြင်တစ်ခုလုံးကို‌ ကောင်းကင်တာအိုမှ ချိတ်ပိတ်ထားခဲ့သဖြင့် မည်သူမျှ ဆက်သွယ်၍ ရနိုင်မည် မဟုတ်ပေ။

ပိုင်အော့ရှန်မှာ ၎င်းကိုကြားလျှင် နဖူးပေါ်တွင် အရေးအကြောင်းများ ထင်ရှားစွာ ထွက်ပေါ်လာသည်အထိ မျက်မှောင်ကြုတ်နေတော့သည်။

ကောင်းကင်ချိတ်ပိတ်ခြင်း အစီအရင်သည် ကောင်းကင်နှင်းနန်းတော်တွင် လက်ရှိအသုံးပြုနိုင်သည့် အားအကောင်းဆုံး အစီအရင် ဖြစ်သည်။

ထောက်ထျဲ့ သူ့အား အကျဥ်းချထားသည့် အစီအရင်ထဲမှ လွတ်မြောက်နိုင်လျှင်ပင် ထိုအစီအရင်အား ထပ်မံတပ်ဆင်ထားလိုက်လျှင် သူ့ကို ခဏလောက် ထိန်းထားနိုင်ပေလိမ့်ဦးမည်။

သို့သော် ကံမကောင်းစွာဖြင့် ထိုအစီအရင်သည် အင်ပါယာတစ်ပိုင်းအထွတ်အထိပ်နယ်ပယ်မှ ကျင့်ကြံသူ ၁၀ ဦး လိုအပ်သည်။ ချူးယွဲ့လီသည် ချိတ်ပိတ်ခြင်းကို ခိုင်ခံ့စေနိုင်မည့် နည်းလမ်းရှာရန် ခရီးထွက်သွားခဲ့သဖြင့် ယခု သူမ မရှိနေသဖြင့် အကြီးအကဲရှစ်ဦးနှင့် နန်းတော်သခင်အပါအဝင် အင်ပါယာတစ်ပိုင်းအဆင့် ကိုးဦးသာ ရှိနေသည်။ ထို့ကြောင့် ထိုအစီအရင်လည်း လုပ်ဆောင်၍ မရနိုင်ပေ။

၎င်းတို့ ကိုးယောက်၏ စွမ်းအင်သည် အစီအရင်၏ လည်ပတ်မှုကို တည်ငြိမ်အောင် ထိန်းထားနိုင်သော်လည်း ၎င်းသည် ပိုမိုခက်ခဲမည်မှာတော့ သေချာသည်။

ထို့အပြင် မပြည့်စုံသော အစီအရင်ဖြင့် ထိန်းချုပ်ထားနေစဥ် သားရဲကောင်ကြီး၏ သတ်ဖြတ်ခြင်းအော်ရာများ သူတို့ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားလျှင် အားလုံးလည်း အပြင်းအထန် ဒဏ်ရာရသွားကြပေဦးမည်။

“ဝေါင်း.…”

ထိုအချိန်တွင် ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခုအား ကြားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် အနည်းငယ်လျော့ကျသွားသော သားရဲအော်ရာသည် ယခင်ကထက် ပိုမိုပြင်းထန်လာပြန်သည်။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now