ထိုအချက်ကို တွေးလိုက်မိသောအခါ ချူးယွဲ့လီသည် ပြောမပြတတ်လောက်အောင် ထိတ်လန့်သွားပြီး အချိန်အတန်ကြာအောင် တည်ငြိမ်မနေနိုင်တော့ပေ။

ထိုအချိန်တွင် အသူရာနဂါးလျှို့ဝှက်နယ်မြေရှိ အခြားသူများသည်လည်း ကြီးကျယ်ခမ်းနားသော အော်ရာအရှိန်အဝါကို ခံစားလိုက်ရပြီး ထိတ်လန့်ဖွယ်ကောင်းသော ရတနာအချို့ ထွက်ပေါ်လာသည်ဟု ထင်သွားကြသည်။

ထို့ကြောင့် ချက်ချင်းပင် ထိုအော်ရာထွက်ပေါ်လာရာ တောင်ကြီးဆီသို့ သူတို့အားလုံး ဦးတည်ကာ ထွက်လာကြတော့သည်။ ခါးလည်မှ ပြတ်နေသော တောင်ကြီး၏ အနီးသို့ ရောက်လျှင် ကောင်းကင်မှ ကြီးမားသော အစီအရင်ကြီးကို သူတို့ ပထမဆုံး မြင်ရပြီး အဆုံးမရှိသော ဝိညာဉ်စွမ်းအင်များကို မီးပင်လယ်ထဲသို့ ပို့လွှတ်နေသည်ကို တွေ့လိုက်ကြရသည်။

ဤကြီးမားသောမြင်ကွင်းသည် လူတိုင်း၏မျက်လုံးများကို ချက်ချင်းပင် ထိတ်လန့်သွားစေခဲ့သည်။

၎င်းတို့အားလုံးသည် ဂိုဏ်းပေါင်းစုံ၏ အဓိကကျသော ပုဂ္ဂိုလ်များ ဖြစ်သောကြောင့် ထိုစွမ်းအင်များသည် သာမန်ဝိညာဉ်ချီစွမ်းအင်များမဟုတ်ပဲ အချိန်အတော်ကြာကတည်းက ပျောက်ကွယ်သွားခဲ့သော ဝိညာဉ်ချီစွမ်းအင်များဖြစ်ကြောင်း သိသွားကြသည်။

ထို့အတွက်ကြောင့် လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကာ လုံးဝ ထိတ်လန့်သွားရသည်။

ဘာတွေဖြစ်နေလဲ မသိပေမယ့် အဝေးကနေသာ တိတ်တိတ်လေး ကြည့်နေရဲကြသည်။ မည်သူမှ အနားမကပ်ရဲကြပေ။

ဤမျှကြီးမားသော အစီအရင်နှင့်ဆိုလျှင် ထိုနေရာတွင် အင်ပါယာ ရှိနေနိုင်သည်ဖြစ်ပြီး အောက်ဖက်မှ လှမ်းကြည့်နေလျှင်လည်း မကြာခင်အတွင် ထူးခြားသည့်အဖြစ်များကို သူတို့ကိုယ်တိုင် မျက်မြင်တွေ့နိုင်ပေမည်။

ထိုအခိုက်အတန့်တွင် မီးတောင်ထဲတွင် နင်းမန်မန်းသည် အရေးကြီးသောအခိုက်အတန့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။

သူမ၏ ခန္ဓာကိုယ်အသစ်သည် ထူထဲသောအလင်းရောင်နှင့် ရှေးဆန်သော အော်ရာကို ထုတ်လွှတ်နေလျှက်ရှီသည်။ ခေးအော့စ်မီးဝိညာဉ်ပုလဲသည်လည်း သူမ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားပြီ ဖြစ်သည်။

ငါ့တပည့်တွေရူးနေကြပြီ(Book2)जहाँ कहानियाँ रहती हैं। अभी खोजें