သို့သော်လည်း ယခုကဲ့သို့ အများကြီး တွေ့ကြုံပြီးနောက်တွင် သူသည် ပို၍ ကျွမ်းကျင်လာခဲ့သည်။ ပြီးပြည့်စုံလုနီးပါးဖြစ်သော အခြေအနေကို သူ ရရှိခဲ့ပြိး ဖြစ်သည်။

ထို့ကြောင့် ယခုအချိန်တွင် ကောင်းကင်ပြစ်ဒဏ် တစ်ဖန်ကျလာလျှင်ပင် သူ လုံးဝကြောက်တော့မည် မဟုတ်ပေ။

သူတို့ခေါင်းပေါ်မှ အစီအရင်မှာ ကောင်းကင်ပြစ်ဒဏ်အား တားဆီးရန် အသုံးပြုထားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဤသည်မှာ အသူရာနဂါးလျှို့ဝှက်နယ်မြေ ဖြစ်သည်။ ၎င်းကို ကမ္ဘာငယ်လေးဟု ယူဆနိုင်ပြီး ကောင်းကင်ပြစ်ဒဏ်၏ အာရုံခံနိုင်စွမ်းသည် အပြင်ကမ္ဘာတွင်လောက် မပြင်းထန်နိုင်ပေ။

ကောင်းကင်မှ ပြစ်ဒဏ်ဆင်းသက်လာခြင်းလော...။

ချူးယွဲ့လီမှာ ထိတ်လန့်တုန်လှုပ်ခြင်းတို့နှင့်သာ ပြည့်နှက်နေလျှက် ရှိပေပသည်။ ရီချန်းဂျီနှင့် လိုက်လာပြီးကတည်းက သူမ၏ နှလုံးသားမှာ တစ်သက်လုံးတွင် တစ်ခါမှ မဖြစ်ခဲ့ဖူးသလို တဆတ်ဆတ် တုန်နေရတော့သည်။

ကောင်းကင်ပြစ်ဒဏ်ခတ်ခြင်း၏ ခွန်အားသည် အလွန်ကြောက်စရာကောင်းသည်။ ၎င်းသည် ကမ္ဘာပေါ်တွင် အကြိးကျယ် အခမ်းနားဆုံးသော ခွန်အားဖြစ်ပြီး လောကကြီး၏ ချိန်ခွင်လျှာကို ထိန်းညှိပေးသော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်ဖြစ်သည်။

ရှေးခေတ်ကတည်းက ကောင်းကင်ဒဏ်ခတ်ခြင်းဖြင့် ပညာရှင် မည်မျှကို ပြာအဖြစ်သို့ ပြောင်းလဲပေးခဲ့သနည်း။ ရေပင် မရေတွက်နိုင်ပေ။

ဤကဲ့သို့သော ကောင်းကင်ဘုံကို အံတုနိုင်သော၊ ကံကြမ္မာကို ပြောင်းလဲနိုင်သော အရာတစ်ခုဖြစ်သည့် ခန္ဓာကိုယ်ကို ပြောင်းလဲခြင်းသည် အလွန်အားကောင်းလွန်းသောကြောင့် ကျဆင်းလာမည့် ကောင်းကင်ပြစ်ဒဏ်သည် သာမာန်ကျင့်ကြံသူများ အဆင့်တက်ချိန်တွင် ကြုံရသည့် ကောင်းကင်ကပ်ဘေးများထက် အဆပေါင်း ရာနှင့်ချီ၍ ပြင်းထန်မည် ဖြစ်သည်။

ထိုသို့ဆိုလျှင် နင်းမန်မန်းသည် အန္တရာယ် ရှိပေလိမ့်မည်။

သူ့ရှေ့တွင် ရှိနေသော နင်းမန်မန်း၏ ဆရာသခင်ဆိုသူသည် ကောင်းကင်ပြစ်ဒဏ်ကို ခံနိုင်မည် မခံနိုင်မည် မသေချာပေ။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now