၎င်းသည် ထိုလူသည် သူ၏ တပည့်မအား ကောင်းကောင်းမွန်မွန် ကယ်တင်ပေးထားသဖြင့် လိုလိုလားလား လုပ်ပေးခြင်းဖြစ်နိုင်သော်လည်း ကောင်းကင်နှင်းနန်းတော်အတွက်ပါ အကျိုးရှိသွားသဖြင့် အင်ပါယာတစ်ပါး၏ ကြီးစွာသော မျက်နှာသာပေးမှုကြီး ဟုပြောနိုင်ပေသည်။

ထိုအတွေးအားတွေးရင်း ချူးယွဲ့လီသည် ရီချန်းဂျီအား လေးလေးနက်နက် ဦးညွှတ်လိုက်ပြီး စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။

"ကျွန်မ ချူးယွဲ့လီက စီနီယာကို ကောင်းကင်နှင်းနန်းတော်ကိုယ်စား ကျေးဇူးတင်ပါတယ်... ဒါပေမယ့် ဒါက အရမ်းတန်ဖိုးရှိပါတယ်... ကျွန်မတို့ ဒီတိုင်း လက်မခံနိုင်ပါဘူး..."

"အဆင်ပြေပါတယ်... ငါ့ တပည့်ကို ကယ်တင်ပေးထားခဲ့တာပဲ... ဒါက မင်းရဲ့ ကံကောင်းခြင်းပဲပေါ့...”

ရီချန်းဂျီ၏ အသံသည် အရေးမပါသော အရာတစ်ခုကို လုပ်ပေးလိုက်ရသကဲ့သို့ တည်ငြိမ်စွာသာ ပြောလိုက်သည်။

၎င်းမှာ အင်ပါယာအဆင့် ညဏ်အလင်းများသာ ဖြစ်သည်။ သူ့တပည့်နှင့်ယှဥ်လျှင် ထိုအရာများမှာ ဘာမှ တန်ဖိုးမရှိပေ။

အင်ပါယာအဆင့် ဉာဏ်အလင်းသာမက နတ်ဘုရားအဆင့် ညဏ်အလင်းများကို မျှဝေပေးရလျှင်ပင် ဘာမှမဖြစ်ပေ။ တစ်ချိန်ချိန်တွင် သူနှင့် ကမ္မရေစက်ရှိသူအား တွေ့ရလျှင်လည်း သူ မတုံ့ဆိုင်းပဲ ညဏ်အလင်းများကို ဝေမျှပေးမည်သာ ဖြစ်သည်။

အကြောင်းပြချက်မရှိပဲတော့ မဟုတ်ပေ။ ထိုအရာများသည် သူ့အတွက် ဘာမျှအဖိုးမတန်သော်လည်း အခြားသူများအတွက်တွင်မူ တိုက်ပွဲများပင် ဖြစ်သွားစေနိုင်သည့် ရတနာများ ဖြစ်သည်။

ချူးယွဲ့လီ အနည်းငယ် ထိတ်လန့်သွား၏။ ရီချန်းဂျီမှာ ၎င်းကို ဂရုမစိုက် ပေးခဲ့သော်လည်း သူမတို့ အေးအေးဆေးဆေး လက်မခံနိုင်ပေ။ ၎င်းမှာ အလွန်အမင်းကို အဖိုးတန်လွန်းသည်။

နင်းမန်မန်းကို သူတို့ ကယ်တင်ခဲ့ကြသည် မှန်သော်လည်း သတိလစ်နေသော မိန်းမငယ်လေးအား ခေါ်ဆောင်လာခဲ့ခြင်းသာ ဖြစ်သည်။ အခြားသူများ တစ်သက်တာတွင် မည်သည့်အခါမျှ မရနိုင်သည့် အင်ပါယာအဆင့် ဉာဏ်အလင်းကို ရရှိရန် ထိုက်တန်အောင် မလုပ်ဆောင်ခဲ့ကြပေ။ ထို့ကြောင့် ဘာမျှပြန်မပေးရပဲနှင့်တော့ အလကား လက်မခံနိုင်ပေ။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now