ဤကမ္ဘာကြီးတွင် အားကောင်းသူများမှာ အဆင့်အတန်းမြင့်မားသူများ ဖြစ်သည်။ အသက်အရွယ်သည် အဆင့်အတန်းကို ကိုယ်စားမပြုပေ။ ခွန်အားကသာ တစ်စုံတစ်ယောက်၏ အဆင့်အတန်းကို ကိုယ်စားပြုပေသည်။

သို့သော် သူ့ရှေ့မှ လီမန်မှာ သူ့အသက်ကို ကယ်တင်ခဲ့သည်။ လီမန်မှာ လူကောင်းတစ်ယောက်ဖြစ်ပြီး လက်အောက်ငယ်သားများကို ဂရုစိုက်ညှာတာတတ်သည့် ခေါင်းဆောင်ပီသသည့်သူ ဖြစ်သည်။ ထို့ကြောင့် ထိုလူကို သူ အကိုကြီးဟု ခေါ်ရလည်း ကိစ္စမရှိပေ။

လီမန်သာ သူ့ကို မကယ်တင်ခဲ့ပါလျှင်လည်း ၎င်းမှာ ကြီးမားသည့် ပြဿနာ မဟုတ်ပေ။ သူ့တွင် နတ်ဆိုးများနှင့် ကြုံတွေ့လျှင်လည်း ၎င်းတို့ကို သတ်ရန် မရေမတွက်နိုင်သော နည်းလမ်းများရှိသည်။

သို့သော် အားထုတ်မှုများစွာပြုလုပ်ရမည် ဖြစ်ပြီး သူ့ခွန်အားကိုလည်း တစ်ရက်မျှနှင့် ထိုမျှအထိ ပြန်လည် ရရှိစေနိုင်မည် မဟုတ်ပေ။

တစ်ရက်တာမျှ ခရီးအတူထွက်ခဲ့ပြီး အပြန်အလှန်ပြောဆိုဆက်ဆံပြီးနောက် ရီချန်းဂျီသည် ဤလူကို အသိအမှတ်ပြုထားပြီးဖြစ်သည်။

မဟုတ်လျှင် ထိုလူမှာ သူ့ကို အကြိမ်တစ်ထောင် ကယ်ခဲ့လျှင်ပင် ရီချန်းဂျီမှာ အကျင့်သီလမကောင်းသည့်လူကို သူကယ်တင်ထိုက်သည့်လူဟု အသိအမှတ်ပြုမည် မဟုတ်ပေ။ ကျေးဇူးကြွေးဆပ်ရန် တစ်ခါမျှ ကယ်တင်ပြီးနောက် ဘာဖြစ်ဖြစ် လွှတ်ထားလိုက်တော့မည် ဖြစ်သည်။ ထိုသို့သော လူမျိုးသည် သူ့ခွန်အားနှင့် မတန်ပေ။

လီမန်၏ ခန္ဓာကိုယ်သည် တစ်စုံတစ်ခုကို နားလည်သွားသလို တုန်လှုပ်သွား၏။

တခြားသူများလည်း အံ့သြသွားကြသည်။ ရီချန်းဂျီသည် ဤမျှလောက် ကျိုးနွံလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားမိသည်မှာ သေချာလှသည်။

အစွမ်းထက်သော ပညာရှင်တိုင်းတွင် ထူးခြားသော စိတ်နေသဘောထားများရှိကာ ခက်ထန်တတ်ကြသည်။

ရီချန်းဂျီကဲ့သို့သော လူမှာ နည်းပါးလွန်းပေသည်။

ထိုကဲ့သို့သော သူမျိုး တစ်ခါမျှ မမြင်ဖူးဟုပင် ပြောလို့ရသည်။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now