သို့သော်လည်း ရီချန်းဂျီအတွက်တော့ ထိုအရာသည် အသုံးမဝင်ပေ။

သူ၏ရန်သူများကို နှစ်ပေါင်းများစွာ အနိုင်ယူပြီးနောက်တွင် သူသည်လည်း မယိမ်းယိုင်သော ယုံကြည်မှုကို ဖော်ထုတ်နိုင်ခဲ့သည်။

သူ့စကားများထဲမှ အချက်အလက်များအရ ဤလူမှာ နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေခဲ့သည့် မိုမျိုးနွယ်၏ ဘိုးဘေး ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အကြီးအကဲဖြစ်သည်မှာ ထင်ရှားသည်။

မိုထျန်...

ရီချန်းဂျီသည် ဝိညာဉ်အာရုံများဖြင့် စစ်ဆေးကြည့လိုက်လျှင် ဤလူ၏ ကျင့်ကြံမှုသည် နတ်ဘုရားအဆင့်အထက် ကောင်းကင်ဥမင်ဖန်တီးခြင်းအဆင့်သို့ ခြေတစ်လှမ်းရောက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူသည် ခန္ဓာကိုယ်တွင်းကမ္ဘာဖွဲ့စည်းခြင်းအဆင့်သို့ ခြေလှမ်းလှမ်းထားနိုင်ခဲ့သူ ဖြစ်သည်။

တစ်ချက်တစ်ချက်တွင် သူ့ခန္ဓာကိုယ်အနီးမှ ပတ်ဝန်းကျင်တွင် ဟင်းလင်းပြင်စွမ်းအင်များ ဖရိုဖရဲ ဖြစ်,ဖြစ်သွားစေသည်။ ၎င်းမှာ ခန္ဓာကိုယ်အတွင်းတွင် ကမ္ဘာတစ်ခုဖွဲ့စည်းနိုင်တော့မည့် လက္ခဏာဖြစ်သည်။

“ဟမ့်... ဒီကလေးမလေးက ငါ့မိသားစုထဲက လူတွေကို နာကျင်အောင် လုပ်ရဲတယ်... မင်း ငရဲပြည်ကို ထွက်ပြေးရင်တောင် ငါ့လက်က မလွတ်စေရဘူး..."

မိုထျန်သည် နတ်ဘုရားဓားတစ်ချောင်းကို ကိုင်ဆောင်ကာ မိုဝမ်နှင့် မိုဝူတို့ကို သွေးစွန်းသည်အထိ ခုတ်ထစ်နေသော နင်းမန်မန်းကို မြင်လိုက်သဖြင့် သူမကို စူးစူးရဲရဲစိုက်ကြည့်ကာ အထင်ကြီးဖွယ်အမူအယာဖြင် ပြောလိုက်၏။

မိုထျန်၏ စကားမှာ ပါးစပ်ထဲတွင်ကောင်းကင်၏အခွင့်အာဏာရှိနေသည့် အင်ပါယာတစ်ပါး၏ စကားများကဲ့သို့ သေမျိုးလူသားတစ်ယောက်အား သေမိန့်ချလိုက်သကဲ့သို့ ထင်လိုက်ရ၏။

“နင်မန်မန်း.... တစ်ယောက်ကို သတ်လိုက်... ဒီနေ့ သူ မင်းကို ဘာလုပ်နိုင်မလဲ ငါကြည့်မယ်..."

ရီချန်းဂျီသည်လည်း ထိုမျှကို ကြောက်နေမည် မဟုတ်။

“ငါ့လမ်းကို မင်းက လာပိတ်ရဲတယ်လား... မင်းဘယ်သူဖြစ်ဖြစ် ဒီနေ့ မင်းသေရမယ်...!”

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now