"သေချင်နေတာလား...!"

"မင်း ငါ့ကို သတ်နိုင်လို့လား... ငါ အထိမခံရင် ငါ့ဆံပင်ကိုတောင် ထိလို့မရဘူး ကလေးမ....  ကလေးတွေကိုပဲ သတ်လာပြီး ကိုယ့်ကိုယ်ကို အထင်ကြီးနေတာ မကောင်းဘူး....”

ရီချန်းဂျီသည် မျက်တောင်တစ်ချက်မခတ်ဘဲ လူသတ်ခဲ့သော နင်းမန်မန်းဖြစ်သည်ကို သိသောကြောင့် သူမကို နှိုးဆွရန် ဤစကားများကို တမင်တကာ ပြောလိုက်သည်။

၎င်းမှာ သူမ၏ ပုန်ကန်တတ်သည့် ဝိညာဉ်ကို နိုးထလာစေသည်။

အနည်းဆုံးတော့ သူမအား အပတ်တကုတ် ကျင့်ကြံလိုစိတ်ရှိပြီး ပိုသန်မာလာစေနိုင်မည် ဖြစ်သည်။

သူမလေးမှာ မနေ့ညက တစ်ညလုံး အိပ်နေခဲ့ပြီး ယခုလည်း ကျင့်ကြံလိုခြင်း မရှိသေးပေ။

ဖြစ်နိုင်သည်မှာ သူမသည် လွတ်လပ်ခြင်းနန်းတော်၏ ကျင့်ကြံနည်းစနစ်များကို မကျင့်ကြံလိုနေခြင်း သို့မဟုတ် သူမ အားကောင်းလာခြင်းသည် ရန်သူများကို ဆွဲဆောင်ပြီး သူမကိုယ်သူမ ဒုက္ခဖြစ်စေမည်ကို သူမကြောက်ရွံ့နေခြင်းကြောင့် ဖြစ်ပေမည်။

လက်ရှိကမ္ဘာကြီးတွင် ကျင့်ကြံခြင်းသည် အရာအားလုံး၏ အခြေခံအုတ်မြစ်ဖြစ်သည်။

ကျင့်ကြံခြင်းမရှိဘဲ မည်သည့်အရာမှ မပြီးမြောက်နိုင်ပေ။

ယခုတော့ သူမမှာ သူမအား ကူညီပြီး လက်စားချေပေးမည့်သူကိုသာ စောင့်နေသည့်ပုံ ဖြစ်နေလေသည်။

ရီချန်းဂျီမှာ သူ့ကို လက်စားချေဖို့ ကူညီချင်သော်လည်း ထိုကဲ့သို့ ကြီးပြင်းလာမည်မှာ သူမအတွက် ကောင်းမွန်မည်မဟုတ်ဟု သူ ခံစားနေရသည်။

‘ဟူး.... ကလေးတစ်ယောက်ကို ကျင့်ကြံဖို့ သင်ပေးရတာ အခက်ဆုံးပဲ...’ ရီချန်းဂျီ သူ့ဟာသူသာ တွေးနေမိသည်။

နင်းမန်မန်းသည်လည်း ငတုံး မဟုတ်ပေ။

ကောင်းကင်နတ်ဆိုး၏ စိတ်ဝိညာဉ်ကျူးကျော်မှုကို တွန်းလှန်နိုင်စွမ်းရှိခြင်းမှာ သူမသည် အခြားကျင့်ကြံသူများနှင့်မတူကြောင်း သက်သေပြနေခဲ့သည်။ ကောင်းကင်နတ်ဆိုးများအားလုံးသည် အလွန်အစွမ်းထက်ကြပြီး သာမာန်ကျင့်ကြံသူများသာ ၎င်းတို့၏ စိတ်ထဲသို့ နတ်ဆိုးကို အဝင်ခံလိုက်မိပါက ၎င်းတို့သည် ထာဝရ သိမ်းပိုက်ခံလိုက်ရမည် ဖြစ်ပြီး  ပုံမှန်အသိစိတ် ပြန်လည်ရရှိနိုင်တော့မည် မဟုတ်ပေ။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now