ဟွားရန်မှာ အပြစ်ကင်းသည့်ပုံပေါက်နေတုန်းပင်။ "အစ်ကိုမရှောင်နိုင်ဘူးလား"

ယယ်ကျင်းမင်သူ့အားပြောခဲ့သည်။ "ငါ ဘယ်ဘက်သွားရင် မင်း ဘယ်ဘက်ကို ပစ်တယ်။ ညာဘက်ကို ရောက်သွားရင် ညာဘက်ကိုပစ်တယ်။ ငါဘယ်လိုရှောင်ရမလဲ။ မင်းက လုံးဝ အံ့သြစရာကောင်းတာပဲ"

ပိုင်ဖန်း: "......"

ဆရာရေ ကယ်ပါဦး။

ပိုင်ဖန်းမှာ အကူအညီရှာသည်ကို ရင်ဆိုင်ရင်း ကျန်းရှောင်ယွီက အေးစက်သောမျက်နှာဖြင့်‌ ပြောလိုက်သည်။ "ဆက်တိုက်ပြီး ဖြည်းဖြည်းပူးပေါင်းဆောင်ရွက်ပါ"

ပိုင်ဖန်းသည် အန္တရာယ်ကိုရင်ဆိုင်ကာ နောက်တစ်ကြိမ် စတင်လိုက်သည်။

ယယ်ကျင်းမင်သည် ဤတစ်ကြိမ်တွင် သင်ယူခဲ့သည်။ ဟွာဟွာသည် အသင်း၏ ဒဏ်ခတ်ခံထားရသူဖြစ်ကြောင်း သူသိပြီး တစ်ဖက်လူနှင့် ခပ်ဝေးဝေးနေခဲ့သည်။ သို့သော် ဟွားရန်သည် သူနှင့် ပြတ်သားသည့်နားလည်မှု မရှိခဲ့ပေ။ သူသည် ယယ်ကျင်းမင်နောက်သို့ တစ်နည်းနည်းဖြင့် ပြေးသွားပြီး လက်ပစ်ဗုံးကို ပစ်ချလိုက်သည်။

ယယ်ကျင်းမင်သည် မူလက ရန်သူကင်းထောက်ကိုသတ်ရန် လိုက်ရှာခဲ့သည်။ ပေါက်ကွဲသံကြားသည့်အခါ ထောင့်တစ်နေရာကို ဖြတ်သွားခဲ့သည်။

ဆန့်ကျင်ဘက်ရှိ ကင်းထောက်သည် မလွင့်စင်သော်လည်း ယယ်ကျီမှာလွင့်သွားခဲ့သည်။

ယယ်ကျင်းမင်ကအော်လိုက်သည်။ "မင်းက တစ်ဖက်ကပို့လိုက်တဲ့ လျှို့ဝှက်စုံထောက်တစ်ယောက်ပဲ"

"...တောင်းပန်ပါတယ်"

ယယ်ကျင်းမင် သူ့အား‌ပြောခဲ့သည်။ "နောက်ဂိမ်းအစကျ မြေပုံပေါ်မှာ အလယ်မျဉ်းတစ်ကြောင်းဆွဲမယ်။ အလယ်မျဉ်းကို ဖြတ်ကျော်ပြီး ငါ့ဘက်မလာမိ‌စေနဲ့"

"အိုး"

ပိုင်ဖန်းမှာ ရယ်ရမလား ငိုရမလား မသိ

ပေ။ မြေပုံတွင် မျဉ်းတစ်ကြောင်းဆွဲပါက သူမည်ကဲ့သို့ အမိန့်ပေး၍ ပူးပေါင်းဆောင်ရွက်နိုင်မည်နည်း။ ထို့အပြင် မြေပုံအားလုံးသည် စတုရန်းပုံမဟုတ်ပေ။ ရှည်လျားသောမြေပုံအားတွေ့ပါက မည်သို့ပူးပေါင်းဆောင်ရွက်မည်နည်း။ သူတို့နှစ်ယောက်လုံး မျဉ်းဖြောင့်အတိုင်း မလျှောက်နိုင်ပါ မဟုတ်ပါလား။

ရွှေအဆင့်နည်းပြWhere stories live. Discover now