[Fred ဖိုက်တင်း]

ယယ်ကျင်းမင်သည် အိပ်ငိုက်နေသော မျက်လုံးများကို ပွတ်သပ်ကာ ဖန်သားပြင်အား ဂရုတစိုက် ကြည့်လိုက်သည်။

ဖန်သားပြင်မှာ ရင်းနှီးသော Crystal Carveမြေပုံကို ပြသနေခဲ့သည်။

ထိုအချိန်က ယယ်ကျင်းမင်သည် ဤမြေပုံပေါ်တွင် ရှောင်ပိုင်အား အကြိမ်ပေါင်းများစွာ နှိပ်စက်ကာ သတ်ပစ်ခဲ့သည်။ သို့သော် ငယ်ရွယ်သည့်ပိုင်ဖန်းမှာ အလွန် ခေါင်းမာခဲ့သည်။ သူသည် ပြန်ထကာ ဆက်တိုက် အသေခံခဲ့သည်။ ထို့နောက် သူသည် မြေပုံ၏ တိုက်ပွဲပုံစံကို တဖြည်းဖြည်း ဖော်ထုတ်မိကာ ယယ်ကျင်းမင်၏ ကစားသည့်ပုံစံကိုပင် လေ့‌လာခဲ့သည်။

ယယ်ကျင်းမင်သည် အတုခိုးရန် အခက်ဆုံး ကစားသမား ဖြစ်သည်။ သူသည် လေကဲ့သို့ လှုပ်ရှားကာ စီးဆင်းနေသည့် တည်နေရာအတိုင်း လျှောက်သွားပြီး သူပြောသည့်အတိုင်း မြန်ဆန်မှုနှင့်နှေးကွေးမှုကြား သူ၏စည်းချက်ကိုပြောင်းကာ လွတ်လပ်နေခဲ့သည်။ သို့သော် ပိုင်ဖန်း၏ သင်ကြားနိုင်စွမ်းရည်မှာလည်း အလွန်အားကောင်းသည်။ ACE အဖွဲ့သားများမှ အရိုက်ခံရသည့်ကြားတွင် သူသည် တည်နေရာအမျိုးမျိုး၏ ဂိမ်းကစားပုံကို အမြန်အဆင့်မြင့်ခဲ့သည်။

ပိုင်ဖန်းသည် နတ်ဘုရား Wing၏ ဆက်ခံသူဖြစ်ကာ အားကောင်းသော သေနတ်ပစ်သမားဖြစ်သည်ဟူ၍သာ အပြင်က သိကြသော်လည်း တကယ်တမ်းတွင်...

ပိုင်ဖန်းသည် ACE အသင်း၏ အဖွဲ့သားများအားလုံးမှ သင်ကြားထားသော အားအကောင်းဆုံး လူငယ်လေ့ကျင့်သူ ဖြစ်သည်။

ဂိမ်းအစပိုင်းတွင် ပရိသတ်မှာ ဖန်သားပြင်အား စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေခဲ့ကြသည်။ ယယ်ကျင်းမင်သည်လည်း စိတ်တုန်လှုပ်ကာ ဂိမ်းဖန်သားပြင်အား စိုက်ကြည့်နေခဲ့သည်။

Fredသည် Crystal Cave၏ ဘယ်ဘက်၌ ပေါ်လာစဉ် အစ်ကိုဟိုင်မှာ ညာဘက်ထောင့်၌ ပေါ်လာခဲ့သည်။

The Crystal Caveမှာ ရှည်လျားသော လိုဏ်ဂူနှင့်တူသည့် မြေပုံဖြစ်သည်။ ဘယ်ဘက်ထောင့်မှ ညာဘက်ထောင့်အထိ အကွာအဝေးမှ မီတာ၁၀၀၀ပတ်လည် ဖြစ်ပြီး ဤသည်မှာ စနိုက်ပါရိုင်ဖယ်၏ အကွာအဝေးအတွင်း ဖြစ်သည်။ လိုဏ်ဂူမှာ ကျောက်စက်ပန်းဆွဲ အတားအဆီး မြောက်များစွာနှင့် ပြည့်နေသောကြောင့် ဖြစ်သည်။ အဝေးမှ ရန်သူကိုပစ်ရန် မဖြစ်နိုင်ဘဲ သူတို့ အနီးကပ် တိုက်ခိုက်ရမည်။

ရွှေအဆင့်နည်းပြWhere stories live. Discover now