ပိုင်ဖန်းသည် သူ့အားစိတ်လုံခြုံစေသည်။ "စိတ်မပူပါနဲ့။ ကျွန်တော်နှင်းကျ‌တဲ့နေ့တွေမှာ အကြိမ်ပေါင်းများစွာ ကားမောင်းဖူးတယ်"

ကျန်းရှောင်ယွီသူ့အား ပြောခဲ့သည်။ "ဒါဆို အရန်အတွက် တားဆေးတစ်ချို့ယူဖို့ စခန်းကိုသွားရအောင်။ ငါ့ဖယ်ရိုမုန်းတွေ မတည်မငြိမ်ဖြစ်မှာကို စိုးရိမ်တယ်"

သူ့အား အယ်လ်ဖာမှ အမှတ်အသားပြုခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ နောက်ပိုင်းပြဿနာဖြစ်လာလိမ့်မည်ဟု ကျန်းရှောင်ယွီ မသေချာခဲ့ပေ။ တားဆေးအချို့ရသည်မှာ နှစ်ထပ်အာမခံဖြစ်သည်။

ပိုင်ဖန်းသည် ဤသည်ကိုကြားကာ တံခါးကိုဖွင့်လိုက်သည်။ သူသည်ကားမှထွက်ကာ ကားမောင်းဆရာခုံသို့ လျှောက်သွားပြီး ကားကိုစတင်လိုက်သည်။

လမ်းတစ်လျှောက် သူတို့နှစ်ယောက်လုံး ထပ်မံစကားမပြောကြတော့ပေ။ သူတို့သည် သူတို့ကိုယ်ပိုင်အတွေးများကို တွေးနေခဲ့သည်။

နှင်းထူနေသောလမ်းမှာ ချော်နေကာ ပိုင်ဖန်းသည် အရမ်းမြန်မြန် မမောင်းနိုင်ခဲ့ပေ။ ၂၅မိနစ်ကြာပြီးနောက် ကားမှာနောက်ဆုံးတွင် အမျိုးသား e-sports ပန်းခြံ၏ အဆောင်သို့ ရောက်သွားခဲ့သည်။

ကျန်းရှောင်ယွီသည် အားအင်မရှိဘဲ အနည်းငယ် အိပ်ငိုက်နေသည်။ သူသည်မော့ကြည့်ကာ တီးတိုးပြောလိုက်သည်။ "ရှောင်းပိုင်၊ ငါအခန်း 404မှာ‌ နေပြီး တံခါးသော့ကုဒ်က 123456ပဲ။ အိပ်ခန်းရဲ့ ‌ကုတင်ဘေးက စားပွဲမှာ တားဆေးတွေရှိတယ်။ သူတို့အခု၂၀ သွားယူလာပေး"

ပိုင်ဖန်းသည် အကောင်းတုံ့ပြန်ကာ ဆေးရရန် အပေါ်ထပ်သို့ အမြန်တက်သွားခဲ့သည်။

ကျန်းရှောင်ယွီသည် တံခါး‌အပြင်ဘက်မှ နှင်းကိုကြည့်ကာ ပိုင်ဖန်းမှ အဖက်ခံရကာ သူ၏လည်ပင်းနောက်ကျော အကိုက်ခံရသည့်မြင်ကွင်းကို မှတ်မိ‌ခဲ့သည်။ သူသည်သူ့နားများ အနည်းငယ်နီလာသည်ကို မတတ်နိုင်ခဲ့ပေ။ သူသည် ဆရာဖြစ်သောအခါ သူ့တပည့်အား မည်ကဲ့သို့ဤအရာမျိုး လုပ်ခွင့်ပေးမည်နည်း။ အလွန် သိက္ခာမဲ့သည်။

ရှောင်းပိုင်မှာ အလွန်ရိုးသားသည်။ သူ့အား သူ့ဆရာမှ နားမလည်နိုင်စွာ တောင်းဆိုခဲ့ကာ အလွန်ကြမ်းတမ်း‌သည့်အိုမီဂါကို ကြုံတွေ့ခဲ့ရသည်။

ရွှေအဆင့်နည်းပြWhere stories live. Discover now