ကျန်းရှောင်ယွီသည် အတိတ်က ရှက်စရာအဖြစ်အပျက်ကို တွေးမိသောအခါ ညင်သာစွာပြုံးလိုက်သည်။ ထို့နောက် သူမေးလိုက်သဘ်။ "မင်းအခု မြို့တော်မှာ အခြေချနေတာလား"

"အ‌ခြေတော့မကျသေးဘူး။ ကျွန်တော်ဒီမှာအိမ်ဝယ်ပြီး အကြာကြီးနေမှတစ်ခါ ပြန်လာတယ်။ ကျွန်တော်များသောအားဖြင့် Ya'an မှာရှိပြီး အဲ့ကရာသီဥတုကိုပိုကြိုက်တယ်" ပိုင်ဖန်းသည် ခဏရပ်ပြီး စလိုက်သည်။ "ဆရာနောက်ကျအနားယူတာနဲ့ ကျွန်တော်တို့အတူအနားယူပြီး အဲ့ကိုသွားမယ်"

ကျန်းသို့သို့: "ဝုတ် ဝုတ်"

ပိုင်ဖန်းသည် သို့သို့အား ပြန်စိုက်ကြည့်လိုက်သည်။ "ကြည့်ဦး။ သို့သို့သဘောတူတယ်"

ကျန်းရှောင်ယွီ: "......?"

သူသည် ခွေးဘာသာစကားကို နားလည်နိုင်သလား။

သူတို့နှစ်ယောက်လုံးမှာ တစ်လမ်းလုံး စကားပြောလာကြသည်။ ပိုင်ဖန်းသည် ကားကို ဆင်ခြေဖုံးဆီသို့ မောင်းလာကာ ဗီလာရှေ့တွင်ရပ်လိုက်သည်။

သူသည် ကားပေါ်မှဆင်းကာ ခရီးဆောင်အိတ်ရယူရန် ကားနောက်ဖုံးသို့သွားသည်။ ကျန်းရှောင်ယွီသည် ဗီလာတံခါး၌ မတ်တပ်ရပ်နေကာ ပတ်ဝန်းကျင်ကို လေ့လာနေခဲ့သည်။ မြို့တော်မှ ဆောင်းရာသီအပင်များမှာ ထိုင်းမှိုင်း‌ကာ မူလရေကန်အတုမှာ ရေခဲအလွှာထူထူဖြင့် ကာထားခဲ့သည်။ ဤနယ်ပယ်၏ ဥယျာဉ်ဒီဇိုင်းမှာ အတော်ကောင်းသည်ဟု မြင်နိုင်သည်။ မြို့တော်ကဲ့သို့သောမြို့တွက် မိသားစုဗီလာတစ်ခုမှာ သေချာပေါက်များစွာထိုက်တန်သည်။ ကြည့်ရသည်မှာ ပိုင်ဖန်းသည် လွန်ခဲ့သည့်နှစ်များအတွင်း ပိုက်ဆံအများကြီးစုဆောင်းမိသည်လား။

သို့သို့သည် အလွန်စိတ်လှုပ်ရှားနေကာ ပန်းခြံတစ်ဝိုက် အရူးအမူးပြေးသွားခဲ့သည်။ ပိုင်ဖန်းသည် ကျန်းရှောင်ယွီအား ခရီးဆောင်အိတ်နှင့် တံခါးဆီခေါ်သွားခဲ့သည်။

ဧည့်ခန်းမှာအလွန်ကျယ်ကာ နူးညံ့သည့်ပိုးသားဆိုဖာနှင့် ဖြည့်ထားသည်။ အလှဆင်ခြင်းပုံစံမှာ လက်ရာမမြောက်သော်လည်း ပို၍နွေးထွေးကာ ခေတ်ဆန်သည်။ နေ့လယ်၁၁နာရီရှိနေကာ နေရောင်မှာ ပြတင်းပေါက်မှတစ်ဆင့် တောက်ပနေသည်။ ၎င်းသည်ဆိုဖာပေါ်ဖြာကျလာပြီး အခန်းတစ်ခန်းလုံးအား နွေးထွေးမှုပေးသည်။

ရွှေအဆင့်နည်းပြWhere stories live. Discover now