ကျန်းရှောင်ယွီသည် ရှီရှောင်ဘင်းနောက်သို့ သူလေ့ကျင့်သည်ကိုကြည့်ရန် သွားခဲ့သည်။ ရှီရှောင်ဘင်းမှာ နည်းပြအနားကပ်လာသည်ကို သတိထားမိကာ သူ၏နောက်ကျောအား စိတ်လှုပ်ရှားစွာ မတ်လိုက်သည်။ မောက်စ်ကိုင်ထားသည့်လက်မှာ အနည်းငယ်တုန်လှုပ်သွားပြီး သူသည်သူ၏အနောက်မှ ဖြတ်သွားသော ပစ်မှတ်ကို လွဲချော်ခဲ့သည်။

ကျန်းရှောင်ယွီသည် ဘာမှမပြောဘဲ မိုဟန်တျန်းနောက်သို့ ရွေ့သွားသည်။ ရှောင်းမိုသည် ရှောင်ရှားခြင်းကို လေ့ကျင့်နေသည်။ သူသည်နည်းပြမှာ သူ၏နောက်တွင်ရပ်နေသည်ကို ခံစားမိကာ သူ၏နောက်ကျောမှာ အနည်းငယ် အေးစက်နေခဲ့သည်။ ကီးဘုတ်အားဖိထားသောလက်မှာ ချော်သွားကာ ဖန်သားပြင်ပေါ်မှ လူငယ်လေးမှာ လက်ပစ်ဗုံးကြောင့် သေသွားခဲ့သည်။

ကျန်းရှောင်ယွီ: "......"

ငါကအဲ့လောက်တောင်ကြောက်စရာကောင်းလား။ တစ်ယောက်ပြီးတစ်ယောက် နည်းပြရောက်လာတာကိုမြင်တာနဲ့ အမှားလုပ်မိတာလား။

ကျိုးယီရန်သည် မျက်ခုံးပင့်ကာ ဤလူသစ်များကို လျစ်လျူရှုလိုက်သည်။ သူသည်လှည့်၍ ကျိုးယွီရန်နောက်သို့ ရွှေ့သွားသည်။ ရှောင်းကျိုးသည် အလွန်တည်ငြိမ်နေဆဲဖြစ်သည်။ သူသည် သူ၏ဘေးတွင် ကျန်းရှောင်ယွီရပ်နေလျှင်ပင် တည်ငြိမ်နေဆဲဖြစ်သည်။ သူ၏လက်ထဲရှိ AK ချေမှုန်းရိုင်ဖယ်မှာ တည်နေရာအားလူံကို အမြန်ပစ်လိုက်ပြီး သူ၏အနားတွင်ပေါ်နေသော ပူပေါင်းများအားလုံးကို ပစ်လိုက်သည်။

သူသည်အနောက်သို့ကြည့်ကာ ရေတိုက်ပွဲတွင် အ‌ဓိကကျသော အသက်ရှူခြင်းစည်းချက်များကို ထပ်ခါထပ်ခါလေ့ကျင့်ရန် ရေအောက်သို့ငုပ်နေသည့် ယယ်ကျီကို မြင်ခဲ့သည်။

ဒါနဲ့ ဘာလို့ စားပွဲပေါ်မိုဘိုင်းဖုန်းတစ်လုံး ရှိနေတာလဲ။

သူတို့အခုထိ လေ့ကျင့်ရေးကို သူတို့ဖုန်းတွေယူလာတုန်းလား။ ဒါကစာမေးပွဲအတွင်း စာမေးပွဲခန်းထဲ သူတို့ဖုန်းတွေယူလာတာလောက် အန္တရာယ်မရှိဘူးလား။

ကျန်းရှောင်ယွီသည် အေးစက်စွာ အမိန့်ပေးလိုက်သည်။ "အားလုံးပဲ မင်းတို့ဖုန်းတွေသိမ်းလိုက်"

ရွှေအဆင့်နည်းပြWhere stories live. Discover now