“လိဂ်က ငွေကြေးကိစ္စ‌တွေကို ထည့်တွက်ခဲ့တယ်။ လွန်ခဲ့တဲ့နှစ်က ပြိုင်ပွဲလက်မှတ်တွေနဲ့ တရားဝင်တိုက်ရိုက်ထုတ်လွှင့်မှုတွေကရတဲ့ ပိုက်ဆံတွေက ကလပ်အများစုကို ထောက်ပံ့ဖို့ လုံလောက်ခဲ့တယ်။ ဒါကြောင့် ဘာရလဒ်မှမရတဲ့ ကမ္ဘာ့စီးရီးနဲ့ယှဉ်ရင် မေဂျာကလပ်တွေက ပြည်တွင်းဈေးကွက်ကို ပိုပြီးအာရုံစိုက်ကြတယ်”

“ပြည်တွင်းပြိုင်ပွဲ‌တွေက မြို့ကြီးတွေထဲကျင်းပပြီးတော့ ပြိုင်ပွဲကြည့်ဖို့ နေရာကိုသွားတဲ့ ပရိသတ်တွေက အလိုအလျောက် နေစရာ၊ အစားအသောက်၊ လက်မှတ်တွေနဲ့ ကုန်ပစ္စည်းဝယ်ဖို့လိုမျိုး ဝင်ငွေတွေတိုးလာ‌မယ်။ ဒါက e-sports နယ်ပယ်ကွန်ရက်တစ်ခုလုံးကို ရူးသွပ်စေတယ်။ ဝင်ငွေကမြင့်တာကြောင့် ကလပ်တွေက လက်ရှိအနေအထားကို ကျေနပ်နေကြတယ်။ ဘာပဲဖြစ်ဖြစ် ပြည်တွင်းဈေးကွက်ရဲ့ အလားအလာကကြီးတယ်။ သူတို့ကိုကျွေးဖို့ လုံလောက်နေရင် ကမ္ဘာ့စီးရီးကရလဒ်‌တွေမကောင်းလည်း ဘာထူးမလဲ။ သူတို့ကဒီတိုင်း လက်ရွေးစင်အသင်းကိုပဲ အပြစ်တင်နိုင်ပြီး ကိစ္စတွေဆက်ပြီးပုပ်သိုးစေတယ်” 

ကျွီဟန်သည် သူ၏လက်များအား ဆန့်ထုတ်လိုက်သည်။ “မနှစ်က ပြင်တွင်းအေအဆင့်လိဂ် ဗိုလ်လုပွဲတွေရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုနှုန်းက ကမ္ဘာ့စီးရီးအတွက်နှုန်းထက် နှစ်ဆဖြစ်နေခဲ့တာ” 

ကျန်းရှောင်ယွီ: “……”

နှစ်ဆမြင့်နေသည်လား။ ပြည်တွင်းပရိသတ်များမှာ ကမ္ဘာ့စီးရီးနှင့်ပတ်သက်၍ ယုံကြည်မှုများပျောက်ဆုံးနေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ။ ငါးနှစ်ဆက်တိုက် ရလဒ်များမှာ ကျရှုံးပြီးနောက် e-sports ပရိသတ်များမှာ ကမ္ဘာ့စီးရီး၏ တိုက်ရိုက်ထုတ်လွှင့်မှု မကြည့်ချင်လောက်အောင် လက်ရွေးစင်အသင်းအား အလွန်စိတ်ပျက်နေခဲ့သည်။ သူတို့သည်ပြိုင်ပွဲပြီးသောအခါ အင်တာနက်ပေါ်မှရလဒ်များအားကြည့်ကာပြောလိုက်သည်။ “ငါတို့ထပ်ရှုံးပြန်ပြီ” 

ဖြစ်နိုင်သည်မှာ လူအများစု၏ မသိစိတ်များထဲတွင် သူတို့သည်ပြည်တွင်းကစားသမားများအား မတိုက်ခိုက်နိုင်ဘဲ ရှုံးနိမ့်သည်မှာ ပုံမှန်ပင်ဖြစ်နေခဲ့သည်။ 

ရွှေအဆင့်နည်းပြKde žijí příběhy. Začni objevovat