ဤသည်မှာ ပုံမှန်အတားအဆီးပေါင်းစုံမြေပုံဖြစ်သည်။ မရေမတွက်နိုင်သော အမြင့်အမျိုးမျိုးနှင့် ထူးဆန်းသည့်‌ ကျောက်တုံးများရှိကာ ဖြန့်ဝေထားခြင်းမှာ ရှုပ်ပွနေသည်။ ကစားသမားများသည် ပျောက်ကျားစစ်ဆေးရေးတိုက်ခိုက်ရန် ကျောက်တုံးများကြား အမြန်‌ရွေ့နိုင်သည်။ ဤမြေပုံမှာ အလွန်ပြီးပြည့်စုံသည်။ ၎င်းသည်မည်သည့်နေရာတွင်ပုန်းရမည်၊ မည်သည့်အချိန်တွင်ပစ်ရမည်နှင့် မည်ကဲ့သို့ရွေ့လျားရမည်ကဲ့သို့ လက်ရှိအခြေအနေနှင့် ပတ်သက်၍ ကစားသမား၏ဆုံးဖြတ်မှုကို စစ်ဆေးသည်။

ဒီလိုမျိုးရှုပ်ထွေးတဲ့မြေပုံကို ရွေးမလို့လား။ဒီကောင်လေးက အလေးအနက်ထားတဲ့ပုံပဲ။

ကျန်းရှောင်ယွီသည် ပြင်ဆင်ခြင်းခလုတ်အား နှိပ်လိုက်ကာ သူ၏လက်နက်ကို အမြန်ပြောင်းလိုက်သည်။ 

သူ၏အဓိကလက်နက်မှာ အားကောင်းသောစက်သေနတ်ဖြစ်သည့် the Thomson-Flamesဖြစ်သည်။ သို့သော် သူသည် သူသည် ဂိမ်းထဲတွင် ကျည်ဆန်လေးခုသာရှိသော ပို၍လေးသည့်စက်သေနတ်ဖြစ်သည့် Laser Canon နှင့် သူ၏ဒုတိယလက်နရ်ကို အစားထိုးခဲ့သည်။ သေနတ်ပစ်နေစဉ်ရွေ့လျား၍မရသော်လည်း ထုတ်လွှတ်လိုက်‌သည့် ကျည်တောင့်မှာ လွန်စွာမြင့်မားသော ပျက်စီးအားမြင့်သည့်စွမ်းအင်ရှိနေခဲ့သည်။ ၎င်းသည်မည်သည့်အဆောက်အဦးကိုမဆို ထိမှန်၍ဖျက်ဆီးနိုင်ကာ လမ်းဖြောင့်တွင် ရန်သူများအား ကြောက်စရာကောင်းသည့် နေရာထိခိုက်မှုမျိုးဖြစ်နိုင်သည်။ 

ထို့ပြင် သူသည် မီးခိုးဗုံးဖြစ်သော လက်ဖြင့်ပစ်နိုင်သည့် လက်နက်များအား ယူဆောင်လာခဲ့သည်။ 

ကစားသမားတိုင်းသည် အကန့်သုံးခုတွင် မည်သည့်လက်နက်များယူဆောင်လာရန်နှင့်ပတ်သက်၍ သူတို့၏ကိုယ်ပိုင်ပုံစံရှိနေခဲ့သည်။ အားဖြည့်သူ၏ပုံစံမှာ အမှန်တကယ်ပင် ပေါ့ပါးသွက်လက်လွန်းကာ မတူညီသောမြေပုံများအရ မတူညီသောဗျူဟာများကို ရွေးချယ်နိုင်သည်။

ဂိမ်းပွဲမစတင်ခင်တွင် ကျန်းရှောင်ယွီသည် အများသူငှာချန်နယ်တွင် စာရိုက်ရန်အချိန်အား အခွင့်ကောင်းယူကာ‌ မေးခဲ့သည်: ရှီရှောင်ဘင်း၊အားဖြည့်သူတွေ ဘယ်လိုကစားသင့်တယ်လို့ မင်းထင်လဲ။

ရွှေအဆင့်နည်းပြWhere stories live. Discover now