အပိုင်း (၁၈၈) မင်းသားလေးကျို့က ဖူရှီမင်ကို ပါးရိုက်လိုက်တယ်

900 78 1
                                    

ဘာသာပြန်သူ - YuuKi

အပိုင်း (၁၈၈) မင်းသားလေးကျို့က ဖူရှီမင်ကို ပါးရိုက်လိုက်တယ်

ထိုရင်းနှီးနေသောအသံကို ကြားလိုက်သည်နှင့် စာသင်ခန်းထဲတွင်ရှိသော ဖူရှီမင်တစ်ယောက် လုံးဝ အေးခဲသွားတော့သည်။

လျိုကျုံးမင်ရဲ့ဖုန်းက ဘယ်လိုလုပ် ဒီလူဆိုးကောင်လက်ထဲရောက်နေတာလဲ။

ဖူကျို့သည် သူမ၏လှပစူးရှသောအသံ ဖြင့်ပြန်မပြောမှီ အော်ရီလိုက်လေသည်။

“ တကယ့်ကိုရိုးရိုးသားသားပါကွာ လူတွေက မင်းကို သခင်လေးဖူလို့ခေါ်လိုက်တိုင်း မင်းရှက်သွားမလားဆိုတာ ငါလေးအရမ်းသိချင်တာပဲ၊ မင်းရဲ့မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရတယ်လို့ မခံစားရဘူးလားဟင်၊ မင်းရဲ့နာမည် ဘယ်တော့မှ ဖူမိသားစုထဲမှာ ရှိလာမှာမဟုတ်ဘူးလေ၊ ဘာဖြစ်လို့လဲ ဟုတ်လား၊ ဪ ငါ အခုမှ သတိရတယ်၊ ဘာလို့လဲဆိုတော့ မင်းအမေက မိသားစုရဲ့ တရားဝင် သခင်မကြီး ဘယ်တော့မှ ဖြစ်လာမှာမဟုတ်လို့လေ၊ နှစ်တွေ အဲလောက်အကြာကြီး ပြင်ဆင်ထားခဲ့တာတောင်လေ၊ စိတ်မကောင်းလိုက်တာ”

“မင်း”

ဖူရှီမင်သည် ဒေါသတကြီးထရပ်လိုက်သည်။ သူ၏လက်ချောင်းမှာ ရပ်တန့်သွားပြီး လက်ထဲရှိခဲတံကို ညစ်ထားလိုက်သည်။ သွားကြိတ်ထားလိုက်ပြီး ပြောလိုက်၏။

“ ဖူ...ကျို့ မင်းကိုယ်မင်း ဘာထင်နေတာလဲ၊ မင်းရဲ့ပျော့ညံ့ညံ့အမေကိုကော မင်းက ဘာထင်နေတာလဲ သူ့မိသားစုတစ်ခုလုံးက တောကကွ၊ အဖေက သူ့ကိုအရင်ကတည်းက ပထုတ်ချင်ခဲ့တာ၊ အရှက်မရှိ ဖက်တွယ်နေတာ မင်းအမေကွ၊ မင်းတို့ကိုယ်မင်းတို့ သိပ်အထင်ကြီးမနေနဲ့၊ မင်းက မင်းအမေကုမ္ပဏီ ပြိုလဲသွားတာကို ဒီအတိုင်းထိုင်ကြည့်နေရမဲ့ အရှုံးသမားတစ်ယောက်ပဲ၊ ငါ့ရှေ့မှာ လေလုံးလာကြီးရဲနေလိုက်တာ၊ မင်းရဲ့ယုံကြည်မှုတွေ ဘယ်တွင်းထဲက ထွက်လာတာလဲ”

ဖူရှီမင်၏ဒေါသသံတို့ထက်စာလျှင် ဖူကျို့၏လေသံသည် ပို၍အေးဆေးသက်သာရှိနေလေသည်။

“ ဖူရှီမင် မင်း အိမ်ပြန်ပြီး ဖူကျုံးရီကို စတော့ရှယ်ယာနဲ့ ပိုင်ဆိုင်မှုတွေပြန်ပေးဖို့ ပြောလိုက်စမ်းပါ၊ ဒီလိုဆိုရင် မင်းအမေက သူ့ကို ညှာတာသောအားဖြင့် စွန့်ပစ်လိမ့်မယ်၊ မင်းဦးနှောက်ကိုသုံးစမ်းပါကွာ ဘယ်သူက သူမပိုင်တဲ့ပစ္စည်းကို ဖက်တွယ်နေတာလဲ ဆိုတာကြည့်လိုက်၊ ပြီးတော့ အမျိုးယုတ်ဖူ ရေ မင်း ချချင်ရင် မင်းကိုယ်တိုင်လာခဲ့လိုက်၊ သူရဲဘောကြောင်ကောင်လို သူများကိုအကူညီတောင်းပြီး ကိုယ့်ဟာကို ရယ်စရာဖြစ်အောင် လုပ်မနေနဲ့”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now