အပိုင်း (၁၅၆) ကျောင်းတော်ရဲ့အမှိုက်

1K 98 0
                                    

ဘာသာပြန်သူ YuuKi

အပိုင်း (၁၅၆) ကျောင်းတော်ရဲ့အမှိုက်

အနောက်တွင် လွတ်နေသည့် တစ်ခုတည်းသောနေရာမှာ ဖူကျို့ဘေးမှ ထိုင်ခုံဖြစ်နေသည်။

ရွှယ်ယောင်ယောင် မည်သူနှင့်အတူ ထိုင်ချင်သည်မှာ သည်ထက် ပိုမသိသာနိုင်တော့ပေ။

ကျန်မိန်းခလေးနှစ်ယောက်သည်လည်း သူမကို ထောက်ခံကြ၏။ အမှန်တွင် ထိုကဲ့သို့ ထောင့်နေရာတွင် ထိုင်ရသည်က နည်းနည်း ဒိတ်အောက်ပေသည်။ ထို့အပြင် ဆရာသည် ထိုကိစ္စနှင့် ပတ်သက်၍ ဘာတစ်ခွန်းမျှ မပြောပေ။ ကျန်ကျောင်းသားများသည်လည်း မမြင်ချင်ဟန်ဆောင်နေကြ၏။

ကျောင်းတွင် အမှတ်ကောင်းလေလေ ခေါင်းမော့ထားနိုင်လေလေဖြစ်ရာ သူတို့အားလုံးသည် ထိုစည်းမျဥ်းကို သိကြပြီးဖြစ်၏။

သူတို့သည် မင်းသားလေးကျို့ ထောင့်တွင် ထိုင်နေသည်ကို မမြင်လိုကြချေ။ သို့သော် သူတို့သည် ဘာတစ်ခုမှ မလုပ်နိုင်ကြပေ။

ရူပဗေဒဆရာသည် ကျောင်းသားများ၏အတွေးကို လုံးဝနားမလည်ချေ။ သူ့အသံသည် ပို၍အေးစက်စွာ ထွက်လာလေသည်။

“ယောကျ်ားလေးက မိန်းခလေးနဲ့မထိုင်ရဘူးလို့ ငါ ရှင်းအောင်ပြောထားပြီးသား၊ ကျောင်းသူ ရွှယ် မင်းအခြေအနေကို မင်းသိသင့်တယ်၊ တက္ကသိုလ်ကောင်းတစ်ခုရဖို့က မင်းရဲ့တစ်ခုတည်းသော သွားရမဲ့လမ်းပဲ၊ လက်တွေ့မကျတာတွေ လုပ်မနေနဲ့၊ စာအုပ်တွေဆီမှာပဲ အချိန်တွေသုံးပြီး ပြန်ထိုင်လိုက်”

ရွှယ်ယောင်ယောင်သည် ထပ်ပြောချင်နေသည်။

ဖူကျို့သည် မော့ကြည့်လာပြီး သူမကို ‘ အခုတော့ ထားလိုက်အုံး’ ဟူသည့်အကြည့်နှင့် ကြည့်လိုက်ပြီး ပြုံးပြကာ သူမသည် ထိုနေရာတွင် အဆင်ပြေကြောင်းပြလိုက်လေသည်။

သို့သော်... ရူပဗေဒဆရာသည် သူမကို အခြေအမြစ်မရှိဘဲ အမြင်ကပ်နေလေသည်။

သင်ကြားရေးနှင့်ပတ်သက်လျှင် ဖူကျို့သည် ဆရာများကို မည်သည့်ပြဿနာမှ မရှာပေ။ သို့သော် ဤကိစ္စသည် စည်းမျဥ်းစည်းကမ်းများနှင့် သက်ဆိုင်နေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now