အပိုင်း (၁၈၂) သိမ်မွေ့သောတော်ဝင်မင်းသားလေးကျို့

919 97 0
                                    

ဘာသာပြန်သူ - Yuu Ki

အပိုင်း (၁၈၂) သိမ်မွေ့သောတော်ဝင်မင်းသားလေးကျို့
“သူ” က တကယ်တော့ “သူ” မဟုတ်ပဲ “သူမ”တဲ့လေ။

ရွှယ်ယောင်ယောင်၏လက်ချောင်းများမှာ တုန်ယင်လျက် သူမ၏မျက်လုံးသူငယ်အိမ်များမှာလဲ ကြောက်ရွံ့တုefလှုပ်နေပြီး တီးတိုးရေရွတ်လိုက်သည်။

“ မင်းသားလေးကျို့....”

ဖူကျို့သည် သရုပ်မှန်ပေါ်သွားခြင်းအပေါ် လုံးဝပျာယာခတ်မသွားချေ။ ထိုအစား သူမသည် ရွှယ်ယောင်ယောင်ကို ဖြည်းညင်းစွာပြုံးပြလိုက်လေသည်။ သူမသည် လျှောက်လာပြီး ရွှယ်ယောင်ယောင် လွတ်ချလိုက်သော စွပ်ပြုတ်ရည်ကြောင့် အပူလောင်သွားသော သူမလက်ချောင်းများကို တစ်ရှူးတစကို ဆွဲထုတ်ကာ သုတ်ပေးလိုက်သည်။ သူမ၏နှုတ်ခမ်းများမှာ ဖြူဖျော့နေသော်လဲ သူမ၏အသံမှာ ပြုံးရိပ်သန်းနေသည်။

“နောက်ကျရင်လဲ နင်က ဂိမ်းဆော့ရအုံးမှာဆိုတော့ နင့်လက်ချောင်းတွေကို ဂရုစိုက်ဖို့လိုမယ်။ ငါတို့ပန်းတိုင်က ဂိမ်းပြိုင်ပွဲကို ရှင်ဘုရင်တွေလို လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့ဆိုတာ နင်မမေ့နဲ့အုံးလေ”

ရွှယ်ယောင်ယောင်သည် ထိုအခိုက်အတန့်တွင် ဘာပြောရမည်မသိဖြစ်နေလေသည်။

ဤကဲ့သို့ ချောမောခံ့ညားသည့်လူတစ်ယောက်သည် သာမန်မိန်းကလေးတစ်ယောက်နှင့်ဆင်သည်ဟု လုံးဝမထင်ရပေ။

ဒီမြင်ကွင်းကို ခုနေမတွေ့ထားခဲ့လျှင် မင်းသားလေးကျို့၏ ကိုယ်ပေါ်မှာသွေးတွေမြင်လျှင်တောင်မှ သူမသည် ရာသီလာနေသည်ဟု လုံးဝထင်မိမှာမဟုတ်ပေ။

မင်းသားလေးကျို့က မိန်းကလေးဆိုတာသံသယဖြစ်ဖို့ဆိုတာဝေးစွ....

ဖူကျို့သည် သူမလက်ကိုဆန့်ထုတ်လိုက်ပြီး လေကြောင့် ရှုပ်ပွသွားသော ရွှယ်ယောင်ယောင်၏ဆံပင်ကို သပ်ပေးလိုက်ပြီး နားတွင်ညပ်ပေးလိုက်သည်။ သူမသည် လေးလေးနက်နက်ဖြင့် ပြောလိုက်သည်။

” နင် ဒါကို ငါ့အတွက်လျှို့ဝှက်ထားပေးနိုင်မလား”

ရွှယ်ယောင်ယောင်သည် မော့ကြည့်လိုက်ရာ သူမ၏မျက်လုံးများသည် လူငယ်လေး၏မျက်လုံးများနှင့် တည့်တည့် သွားတိုးလေသည်။ သူမ၏ဘေးဘက်မြင်ကွင်းမှာ သိမ်မွေ့ချောမောနေဆဲ။ ပင်ပန်း၍ သက်သောင့်သက်သာ မရှိသောကြောင့်ထင်သည်။ သူမ၏နဖူးပေါ်မှ ငွေရောင်ဆံပင်တို့မှာ ချွေးဖြင့် စိုစွတ်နေလေသည်။ သူမသည် အနည်းငယ်ဖြူဖျော့နေပြီး နေမကောင်းဖြစ်နေပုံပေါ်သည်။ ထိုမျက်လုံးများထဲတွင် အားအင် လုံးဝမကျန်တော့သော်လည်း ပုံမှန်အတိုင်း တောက်ပနေဆဲဖြစ်သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now