အခန်း (၂၅)

1.8K 225 1
                                    

ဘာသာပြန်သူ- JustCBond

အပိုင်း(၂၅)အရာအားလုံးကအခုမှစတယ်

"အဲဒါက လုပ်ကြံမှုပဲ။ တကယ့်ကိုလုပ်ကြံမှုပဲ"

ဒါရိုက်တာကျန်းက  မောက်စ်ကို စိတ်တိုတိုဖြင့် ပစ်လွင့်လိုက်သည်။ သို့သော် ထိုသို့ ပစ်ထုတ်လိုက်သည်က တစ်စုံတစ်ခုကို မတော်တဆ နှိပ်မိသွားစေတော့သည်။

မနေ့ညက သူ့ချစ်သူက သူ့ကို  ပို့ထားသည့် အသံမက်ဆေ့ချ်ဟာ ကွန်ပျူတာကနေ ထွက်ပေါ်လာတော့သည်။

တစ်ခဏလောက်တော့ ရုံးခန်းတစ်ခုလုံးက သူ့ ညည်းသံများဖြင့် ပြည့်နေပေ၏။

ဒါရိုက်တာကျန်း၏ မျက်နှာက သွေးမရှိတော့သကဲ့သို့ ဖြူရော်သွားကာ အားမရှိတော့သည့် အရုပ်ကြိုးပြတ်သလို သူ့ထိုင်ခုံ၌ ထိုင်ချလိုက်ပေတော့၏။

အခုတော့ သူ့၌ အတွေးတစ်ခုပဲ ရှိလေတော့သည်။

ပြီးသွားပြီ၊ သူ့ရဲ့ဘဝဟာ လုံးဝ အဆုံးသတ်သွားပြီ။

ထို ဓာတ်ပုံများက  မုန်တိုင်းတစ်ခုပမာ ခေါင်းစဥ်သတင်းအဖြစ် ထိပ်ဆုံး၌ ရပ်တည်နေပေတော့သည်။

ကျန်းမြို့ အမှတ်(၁) အလယ်တန်းကျောင်း၏  သမိုင်းတစ်လျှောက် ထိုသို့ အဖြစ်မရှိခဲ့ဖူးပေ။ ထိုကိစ္စသည် ကျောင်းအတွက် အရှက်ရဖွယ်ပထမဆုံး ကိစ္စတစ်ရပ် ဖြစ်လေသည်။

ကျောင်း၏အကြီးအကဲများဟာ စတင်ပြီးတော့ တောင်းပန်ကြလေတော့သည်။ သို့သော် လူထု ဒေါသကို နှစ်သိမ့်ပေးရန် ထိုအရာဖြင့် မလုံလောက်ပေ။

ဒီကျောင်းက ဒီလိုလူစားမျိုးကို ဒါရိုက်တာအဖြစ်ခန့်အပ်ထားစရာလား။

ဒီလိုဆိုရင် ဒီကကျောင်းမှာတက်နေတဲ့ နစ်နာတဲ့ကလေးတွေက ဘာတွေဖြစ်ကုန်မှာလဲ။
အဲဒါက သူတို့ရဲ့အနာဂတ်လေ။

ဒီလိုရိုးရှင်းတဲ့ တောင်းပန်တာလောက်နဲ့ နစ်နာတဲ့ကလေးတွေရဲ့ ဆုံးရှုံးမှုတွေကို အလျော်ပေးလိုက်တာလား။

ဒီစွပ်စွဲချက်များကို မြင်ပြီးသည့်နောက် ကျောင်း၏အကြီးအကဲအားလုံးဟာ နစ်နာသူကျောင်းသားများ အကုန်လုံးကို ဖုန်းဆက်ပြီး တောင်းပန်ကြလေတော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Donde viven las historias. Descúbrelo ahora