အပိုင်း (၁၅၇) အောင်မြင်သည့် ဂေးတွေ့ဆုံပွဲ

974 96 2
                                    

ဘာသာပြန်သူ YuuKi

အပိုင်း (၁၅၇) အောင်မြင်သည့် ဂေးတွေ့ဆုံပွဲ

ဖုန်းရှန်းသည် ထိုင်နေရာမှ ထခုန်လိုက်ပြီးနောက် ဖူကျို့၏ နောက်ဆုံးပို့ထားသည့်စာကို ကြည့်လိုက်ပြီး သူ့အဝတ်အစားများကို အလွန်ဂရုတစိုက် စတင်ရွေးချယ်လိုက်လေသည်။

ပြီးခဲ့သည့်အခေါက်က သူ့အိုင်ဒေါနှင့် တွေ့ရသည်မှာ အလွန်တိုက်ဆိုင်မှုတစ်ခု ဖြစ်ပေသည်။

သည်တစ်ကြိမ်ကဲ့သို့ မဟုတ်ချေ။

အတိအကျပြောရလျှင် ဒါသည် သူတို့၏ ပထမဆုံးတရားဝင် ဂေးတွေ့ဆုံခြင်းဖြစ်၏။

ထို့အပြင် ဒါသည် တစ်ယောက်ချင်း တွေ့ရသည့် တွေ့ဆုံပွဲတစ်ခုမဟုတ်ဘဲ အဖွဲ့သားများ တွေ့ဆုံပွဲတစ်ခုဖြစ်၏။

ဖုန်းရှန်းသည် အရင်က ဂိမ်းထဲမှ တစ်စုံတစ်ယောက်ကို တခါမှ မတွေ့ခဲ့ဖူးသော်လည်း သူသည် ဝတ္ထုထဲတွင် အများအပြားဖတ်ဖူးလေသည်။

အဖွဲ့သားတွေကြားက တွေ့ဆုံပွဲ၊ ထိုအရာသည် ကိုယ့်ချစ်သူကောင်မလေးနှင့် တွေ့ရသည်နှင့် ဆင်တူလှသည်။ နှလုံးသားများပင် ခုန်ထွက်မတတ်ဖြစ်နေ၏။

ဖုန်းရှန်းသည် အမှန်တကယ် စိတ်လှုပ်ရှားနေသည်ကို ဝန်ခံရပေလိမ့်မည်။ သူသည် စိတ်လှုပ်ရှားလွန်းသဖြင့် အင်တာနက်ဆိုင်ရှေ့တွင် သူတို့၏ချိန်းထားသည့်အချိန်ထက် တစ်နာရီ စောရောက်ကာ စောင့်စားနေတော့သည်။

တရုတ်ပြည်မြောက်ပိုင်းတွင် နေသည့်သူတိုင်း ဆောင်းနှောင်းပိုင်းရာသီဥတုကို သိကြ၏။ လေအေးသည် ဓားသွားများနှင့်တူကာ မျက်နှာကို နာကျင်စေသော်လည်း ဖုန်းရှန်းကိုတော့ မည်သည့်အရာကမှ မတားဆီးနိုင်သလို သူ၏ဆူပွက်နေသည့်သွေးများကိုလည်း အေးသွားအောင် မလုပ်နိုင်ပေ။

သူ့ကို လိုက်ပို့ပေးခဲ့သည့် ကားဆရာမှာ စိုးရိမ်စိတ်ဖြင့် ပြန်လာခဲ့ရလေသည်။ သူသည် ကားပြတင်းပေါက်ကို ချလိုက်ပြီး ပြောလိုက်၏။

“ ဒုတိယသခင်လေး အထဲမှာ ဝင်စောင့်ပါလား”

“ရတယ်”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now