အခန်း (၂)

2.4K 249 2
                                    

ဘာသာပြန်သူ JustCBond

အခန်း (၂) ခပ်မိုက်မိုက်ဖူကျို့အသစ်လေး

ဖူကျို့က သုံးရက်မြောက်နေ့အထိ ဆေးရုံ၌ ဆေးစစ်ရန် နေလိုက်ရသည်။ လေးရက်မြောက်နေ့၌ သူမဟာ မိန်းမချောချောသောလူနာကောင်လေးအဖြစ်မှ လွတ်မြောက်ပြီး ဆေးရုံ ဆင်းခွင့်ရသည်။

လက်ရှိခန္ဓာကိုယ်ပိုင်ရှင် ဖူကျို့သည် လိုက်ဖက်အောင် ဝတ်စားတတ်သည့်နေရာ၌ တော်သည်ဆိုသော်ငြား သူမက တစ်ခုကိုတော့ သေချာဆန်းစစ်ကြည့်ရန် လိုသည်။

သူမကို ဘယ်သူကထိန်းချုပ်နေတာလဲ။ ဒီလို ပြန်လည်မွေးဖွားလာအောင် သူမကို ဘယ်သူက ချုပ်ကိုင်နေတာလဲ။

ဖူကျို့က  မျက်လုံးများကို မှေးစင်းလိုက်သည်။ သည်အခန်းပတ်ဝန်းကျင်မှာရှိသော လေထုအပူချိန်သည် ရုတ်တရက်ကြီး အေးခဲသွားတော့မယောင် ကျဆင်းသွားခဲ့သည်။

ထိုနောက် သူမ ပြုံးလိုက်သောအခါ သူမပါးပြင်မှာရှိသောပါးချိုင့်လေးက အလွန်ါပြီးပြည့်စုံပြီး ကြည့်ကောင်းလွန်းနေသည်။

ဒီခန္ဓာကိုယ်မှာ လက်ရှိရှိနေတဲ့စိတ်ဝိညာဉ်ပိုင်ရှင်ကတော့ အလိမ်အညာတွေနဲ့ပြည့်နေတဲ့သူမျိုးပဲ။

သူမက ဟက်ကာတစ်ယောက်ဖြစ်တယ်။ ကုတ်နာမည်ကတော့"Spade Z"

တကယ်လို့ သင်ဟာ သူမကိုကွန်ပျူတာတစ်လုံးနဲ့ ကြိုက်ရာလုပ်ခိုင်းမယ်ဆိုရင် သူမက ဘာမဆိုလုပ်နိုင်လောက်တဲ့အထိအရမ်းကို တော်လွန်းတယ်။

ဒါပေမဲ့ တစ်စုံတစ်ယောက်က အထက်တန်းကျောင်းသားတစ်ဦးရဲ့ခန္ဓာကိုယ်ထဲကို သူမရဲ့စိတ်ဝိညာဉ်ကိုခေါ် လာပြီးတော့ ပြန်လည်မွေးဖွားစေခဲ့တယ်။

"သခင်လေး ကျွန်တော် သခင်လေးရဲ့အဝတ်အစားတွေ အကုန်လုံးကို ထုတ်ပိုးထားပြီးပါပြီ၊ သခင်လေး ဒီဟာဝတ်မှာလား၊ မဟုတ်ရင် ဒီဟာလား" ဟူ၍ ချန်ရှောင်တုန်းက ပြတင်းပေါက် နံဘေး၌ ထိုင်နေသည့်လူငယ်လေးကို ကြည့်ကာ မေးလိုက်သည်။

"နှစ်ခုလုံးကတော့ Givenchy ရဲ့နောက်ဆုံးထွက် အဝတ်အစားတွေပါပဲ သခင်လေး"

ဖူကျို့က သူမထိုင်နေသည့်နေရာကနေ ခုန်ဆင်းလိုက်သည်။ စုပ်လုံးက သူမပါးစပ်မှာ နေရာယူထားသည်။ သူမ၏ငွေရောင်ဆံပင်များက ကြည့်ရတာ အနည်းငယ် ရှုပ်ပွနေသယောင်ပင်။ သူမ၏ မျက်ခုံးနှစ်ဖက်က ထိလုထိခင်နီးပါး ဖြစ်နေပြီး သူမ၏ နှုတ်ခမ်းပါးလေးသည်  အနည်းငယ်စူနေကာ သူမကို စိတ်အလိုမကျပုံ ပေါ်နေစေ၏။ ဖူကျို့သည် သူမ၏ဘယ်ဘက်လက်ကို အိတ်ကပ်ထဲ စတိုင်ကျကျထည့်ပြီး ချန်ရှောင်တုန်းဆီကို လမ်းလျှောက်သွားလိုက်တော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now