အပိုင်း (၁၃၀) သူမ ညအိပ်ကိုအိပ်ရမယ်

1.3K 124 0
                                    

အပိုင်း (၁၃၀) သူမ ညအိပ်ကိုအိပ်ရမယ်

ငါဝတ်ချင်တယ်လို့ပြောမိလို့လား။

ငါလေးဘယ်ချိန်တုန်းက ညအိပ်ဝတ်စုံဝတ်မယ်လို့ ပြောမိလို့လဲ။

ဒီသောက်ကျိုးနည်း ညအိပ်ဝတ်စုံကဘာကြီးလဲဟယ်။

ငါလေး သေချာပေါက် အိမ်ကိုပဲ ပြန်ချင်တာပါနော်။

ဖူကျို့က ထိုလူ၏ ချောမောပြီးဆွဲဆောင်မှုရှိသော မျက်နှာကို လှည့်ကြည့်လိုက်ပြီး မျက်ခုံးပင့်ကာ

"အစ်ကိုမော့ ငါ့အထင် ငါတို့ဆက်ဆံရေးကို သေသေချာချာ ဆွေးနွေးကြည့်ဖို့ လိုနေပြီနဲ့တူတယ်"

"ဘာလဲ ညနက်နေပြီလေ ပြီးတော့ အန်ကယ်ကျန်းကလည်း မရှိတော့ဘူး မင်းဘာသာမင်း အိမ်ပြန်ဖို့ဆိုတာက အန္တရာယ်များတယ်လေ"

ချင်မော့၏ အသံက ပုံမှန်ထက်တော့ အနည်းငယ်ကွာခြားနေပေ၏။  သူ့ခြေတံရှည်များက ခြေချိတ်လျက် ရှိနေပြီး ဆိုဖာပေါ်၌မှီလျက်ထိုင်နေသည်။

"ငါတို့အိမ်မှာ ဧည့်သည်တွေအတွက် အခန်းပိုတွေမှ အများကြီးပဲ မင်းစိတ်ကြိုက်တစ်ခန်းရွေးလေ"

ဖူကျို့က သူမနှုတ်ခမ်းပါးထက်၌ အပြုံးတစ်ပွင့်ဆင်မြန်းကာ

"တက္ကစီငှားတာက လုံခြုံပါတယ်ရယ်"

"မင်းက ဒီနေရာမျိုးမှာ တက္ကစီငှားချင်တယ်လား"

ချင်မော့သည် ထိုလူငယ်ကို အကြည့်တစ်ချက် ပစ်သွင်းလိုက်ပြီးတော့ သူမ၏ လွယ်အိတ်ကို ယူကာ သစ်သားစင်ပေါ်သို့ လွှတ်ပစ်လိုက်သည်။ သူ့အသံက လုံးဝကို ခံစားချက်မဲ့နေသလိုပင်။

"ဒီအနီးနားတစ်ဝိုက်မှာ ရှိတယ်ဆိုရင်တောင် မင်း ကံအရမ်းကောင်းနေပြီလို့ မှတ်လိုက်၊ ဒီကမ္ဘာကြီးကလေ တစ်စုံတစ်ယောက်ရဲ့ ဉာဏ်ရည်ထက် ရုပ်ရည်သွင်ပြင်ကိုသာ ဦးစားပေးပြီး  အရာရာကို ဆုံးဖြတ်တတ်ကြတာမို့"

ဖူကျို့ :"........."

ဟုတ်ပြီ ကြီးမြတ်လှတဲ့သခင်လေးချင်ကတော့ ငါလေးကို ထပ်ခနဲ့ပြန်ပြီ။

ဒါပေမဲ့ ချန်အန်းလမ်းတစ်လျှောက်လုံးက သာမန်ယာဉ်တွေဆို ဝင်ခွင့်မရှိဘူးလေ  အဲဒါကြောင့် ငါလေးအတွက် တက္ကစီငှားဖို့က မလွယ်လောက်ဘူး။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now