အပိုင်း (၈၆) ပွေ့ဖက်တော့မလို့လား

1.6K 177 1
                                    

ဘာသာပြန်သူ JustCBond

အပိုင်း (၈၆) ပွေ့ဖက်တော့မလို့လား

ချင်မော့ပြောလိုက်တာကို ကြားလိုက်သည်နျင့် သူဌေးလီနှင့် သူဌေးကျန်းဟာ ရှော့ခ်အကြီးကြီး ရသွားလေတော့သည်။

သူတို့ကသခင်လေးချင် ထရပ်လိုက်တာကို ကြောင်အစွာ ကြည့်နေကြမိပေ၏။ ချင်မော့က အလွန်အမင်းကို စမတ်ကျပြီးတော့ မြင့်မြတ်သောအသွင် ဆောင်နေပေသည်။ သူဟာ အဖြူရောင်ရှပ်အကျီနှင့် အနက်ရောင်ကုတ်အကျီကို တွဲဖက်ဝတ်ဆင်ထားပေသည်။

ဖူကျို့၏ လက်ကောက်ဝတ်ကို သူ့လက်ဖြင့်ကိုင်ထားရင်းနှင့် ချင်မော့က သူဌေးနှစ်ယောက်ကို ကြည့်လိုက်လေသည်။ သူ့အကြည့်ဟာ အေးစက်လွန်းသောကြောင့် သူတို့နှစ်ယောက်ဟာ ကြောက်လွန်း၍ တုန်ပင်တုန်လာချေပြီ။

"သခင်လေးချင် ကျွန်တော်တို့ရဲ့စီးပွားရေးကိစ္စကရော... "

သူဌေးလီဟာ သူတို့ထွက်မသွားအောင် ဆက်လက်တားချင်နေဆဲပင်။

ချင်မော့က မကောင်းဆိုးဝါးဆန်ဆန်ရယ်လိုက်ပြီးတော့

"ငါ့ညီလေး သဘောမကျတဲ့သူကို ငါကရော သဘောကျမယ်လို့များ မင်းထင်နေတာလား။"

ဒီလိုစကားတစ်ခွန်းတည်းဖြင့် ချင်မော့က ထိုသူနှစ်ယောက်အား အလွန်အမင်း ကြောက်လန့်တုံ့လှုပ်စေနိုင်ခဲ့လေသည်။ ထိုသူနှစ်ယောက်ဟာ သူတို့အရိုးထဲအသားထဲသို့ အအေးဓာတ်များ စိမ့်ဝင်လာတာကို ခံစားလိုက်ရပေသည်။

"သခင်လေးချင် ဒီဟာက အထင်လွဲမှုသက်သက်ပါဗျ သခင်လေးချင် "

ထိုသူနှစ်ယောက်ဟာ ပြင်းပြင်းထန်ထန် ရှင်းပြချင်နေကြပြီးတော့ ဟော့ပေါ့ဆိုင်အတွင်းမှ အပြင်ထိ တစ်လျှောက်လုံး ချင်မော့နှင့် ဖူကျို့၏ အနောက်ကနေ ပြေးလိုက်လာတာဖြစ်လေသည်။ သို့သော် သူတို့နှစ်ယောက်က အနက်ရောင်ဝတ်စုံပြည့်ဝတ်ဆင်ထားသော ဘော်ဒီဂတ်များ၏ လက်ချက်ဖြင့် လမ်းတစ်ဝက်မှာ အတားခံရလေသည်။ ထို့ကြောင့် သူတို့ဟာ ချင်မော့နှင့် ဖူကျို့နောက် ဆက်လိုက်ခွင့်မရရှာတော့ပေ။

သူတို့နှစ်ယောက်က အလွန်အမင်း စိုးရိမ်နေပေတော့၏။ သူတို့၏ ခြောက်သွေ့နေသည့် နှုတ်ခမ်းကို သပ်လျက် အတွင်းရေးမှူးလျန်ကို ကြည့်လိုက်သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now