အခန်း (၆၁)

1.7K 176 5
                                    

ဘာသာပြန်သူ - Erata Team

အပိုင်း (၆၁) တကယ်လို့ သူ များ ဂေးသွားခဲ့ရင်

သူ ဘာဖြစ်သွားလဲဆိုသည်ကို သူ့ကိုယ်သူ သတိထားမိလိုက်သည်နှင့် ကြီးမြတ်လှသည့် သခင်လေးချင်၏ မျက်ခုံးများက တွန့်ချိုးသွားပေသည်။

နဖူးပေါ်က ဆံနွယ်ဆီမှ ရေများ ဖုန်းဖန်သားပြင်ပေါ်သို့ တစ်စက်စက် ကျနေသည်။

ချင်မော့က မျက်နှာသုတ်ပဝါကို ယူလိုက်ပြီး ဖုန်းကို အဝေးတစ်နေရာ၌ ထားလိုက်သည်။

ငါ ဒီနေ့ ဂိမ်းဆော့များသွားတာ ဖြစ်ရမယ်။ ငါ့လက်ကိုတောင် ငါ မထိန်းချုပ်နိုင်ခဲ့ဘူးပဲ။

ဘာလို့ ဒီလူငယ်ရဲ့ အသံက နားထောင်ကောင်းတယ်လို့ ခံစားနေရတာပါလိမ့်။ သူ့ကို လည်ပင်းညှစ်သတ်ချင်စိတ် ဖြစ်နေရမှာကို...။

ယနေ့က ဗုဒ္ဓဟူးနေ့ဖြစ်သည်။

နောက်တစ်နေ့ မနက်၌ ဖူကျို့ နိုးလာခဲ့သော်လည်း ကျောင်းသွားရန် အလျင်မလိုနေပေ။

ကျောင်းက အရေးကြီးတယ် ဆိုပေမဲ့လည်း လိုအပ်တဲ့ကွန်ပျူတာ အစိတ်အပိုင်းတွေ ဝယ်ဖို့နဲ့ ချင်ကုမ္ပဏီရဲ့ လူတွေ့စစ်ဆေးပွဲကို သွားပြိုင်တာက ပိုအရေးကြီးတယ်လေ ဟုတ်တယ်မလား။

ဖူကျို့က ထိုသို့ တွေးလိုက်ပြီး ခွင့်တစ်ရက် တိုင်ရန် ဆုံးဖြတ်လိုက်သည်။

ထို ခွင့်တိုင်ပေးရန်အကြောင်းကို ချန်ရှောင်တုံးကို ပြောပြလိုက်လေရာ သူက ရယ်ချင်သလို မျက်နှာပေးဖြင့်

" ကျွန်တော် သိသားပဲ၊ သခင်လေးက တစ်လထက်ပိုပြီး အချိုးမပြေနိုင်ဘူးဆိုတာ၊ ဟမ့် သခင်လေးရဲ့ မကောင်းတဲ့အကျင့်တွေ ပြန်ပေါ်လာပြန်ပြီပေါ့"

ဖူကျို့က ပြုံးလိုက်ကာ လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ချန်ရှောင်တုံး၏ပါးကို ညင်သာစွာ ပုတ်လိုက်သည်။

"နင်လေးရဲ့ သခင်လေးက ဒီနေ့ တကယ် အလုပ်ကိစ္စလေး ရှိလို့ပါဟယ်၊ သွားသွား ခွင့်မြန်မြန် သွားတိုင်ခဲ့ပေး၊ ငါလေးဖျားနေတယ်လို့ပါ ပြောဖို့မမေ့ခဲ့နဲ့၊ တော်ကြာ ဆရာတွေက ငါလေး ကျောင်းပြေးရတာ ကြိုက်တယ်လို့ အထင်လွဲကြကုန်ဦးမယ်"

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Onde as histórias ganham vida. Descobre agora