အခန်း (၃၂)

1.8K 214 2
                                    

ဘာသာပြန်သူ- JustCBond

အပိုင်း(၃၂) မင်းကို ပထမဆုံးပေးမြည်းမယ်
ဒီ.. ဒီလူကတကယ့်ကိုအကြောက်အလန့်မရှိတာပဲ။
သူ့ကို ငါတို့စီအီးအိုရဲ့ဒေါသကြောင့် သတ်ပစ်မှာကိုမကြောက်ဘူးလား။

အံ့ဩပါ့ အံ့ဩပါ့။
အတွင်းရေးမှူးလျန်က အိမ်ကို စောစောပြန်ရန် ရည်ရွယ်ထားသော်လည်း စိတ်ပြောင်းသွားပြီး စီအီးအိုဘေး၌ ဆက်နေရန် ဆုံးဖြတ်လိုက်သည်။

သူ့ရဲ့ သူဌေးလေး အစခံနေရတာကို ထိုင်ကြည့်နေတာက အိမ်မှာ အေးအေးဆေးဆေးနဲ့နှပ်ပြီး တီဗွီထိုင်ကြည့်နေတာထက်ကို ပိုပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်နော်။
ကံဆိုးသည်မှာ အတွင်းရေးမှူးလျန်၏ အိမ်စောစောပြန်မည့် ဆုံးဖြတ်ချက်ကို ပြောင်းလိုက်သည်နှင့် ချက်ချင်း ချင်မော့က သူ့ လက်တော့ပ်ကို ယူလိုက်ပြီး မထူးမခြားနားသည့် အသံဖြင့်
"အတွင်းရေးမှူးလျန် မင်း ဒီလောက်တောင် ကုမ္ပဏီရဲ့ဒရမ်မာတွေကို စိတ်ဝင်စားနေတာဆိုတော့ ဘာလို့ ဒီမှာ တစ်ညလုံးနေပြီး အချိန်ပိုမဆင်းတာလဲ မနက်ဖြန် ငါ မင်းရဲ့အလုပ်တွေကို လာစစ်ဆေးပေးမယ်လေ"

အတွင်းရေးမှူးလျန် : ".......... "
ဥက္ကဋ္ဌ ကျွန်တော့်ကို အဲလိုလုပ်လို့မရဘူးလေဗျာ။
ချင်မော့က ဓာတ်လှေကားခလုတ်ကိုနှိပ်ပြီး ခေါင်မိုးထပ်၌ရှိသည့် အနားယူအခန်းဆီသို့ ဝင်သွားလေသည်။  ထို့နောက် သူ့နှုတ်ခမ်းထောင့်ဟာ ကွေးညွတ်သွားပြီး သူ့အပြုံးဟာ မြောက်ဝင်ရိုးစွန်းရှိ အဆမတန်အေးခဲသည့် ရေခဲရိုက်အပြုံးလိုဖြစ်နေပေတော့သည်။
ဖူကျို့ဟာ ချင်မော့ဆီက စာပြန်မလာတော့ "?" လေးပို့လိုက်လေသည်။
"ဒင်"
ချင်မော့က  ပြတင်းပေါက်နံဘေး၌ ထိုင်ပြီး သူ့ လက်တော့ပ်ကို ဖွင့်လိုက်သည်နှင့် ချက်ချင်း ဖူကျို့ပို့ထားသည့်စာကိုမြင်လိုက်ရသည်။ 

သူက ဖြည်းဖြည်းချင်းပဲ စာရိုက်ပြီးတော့
"ငါက ယောက်ျားတွေကို စိတ်မဝင်စားဘူး။ ဒါပေမဲ့ မင်းသာ မိန်းကလေးဆိုရင် ငါရဲ့ပထမဆုံး တစ်စုံတစ်ယောက်ကို ကြိုက်တဲ့အရသာက ဘယ်လိုလဲ ဆိုတာကို မင်းကို ပထမဆုံးပေးမြည်းမယ်"
ချင်မော့က "ကြိုက်တယ်"ဆိုသည့်စကားကို ချွေးသီးချွေးပေါက် ကျလောက်သည့်အထိ အားစိုက်ထုတ်ပြီး ရေးခဲ့ရတာဖြစ်သည်။
ဒီဟာက တကယ်တော့ ထင်သလောက်မရိုးရှင်းလေဘူး။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now