အပိုင်း (၁၂၉) ချင်မော့နဲ့ဖူကျို့က ညတစ်ညကို တူတူကုန်ဆုံးကြတယ်

1.1K 109 0
                                    

အပိုင်း (၁၂၉) ချင်မော့နဲ့ဖူကျို့က ညတစ်ညကို တူတူကုန်ဆုံးကြတယ်

ဒါရိုက်တာချွမ်ဟာ သူခန့်မှန်းတာမှန်သည်ဟု တွေးလိုက်မိသည်။

ချင်မော့၏ ကောင်မလေးက ဒီအတန်းထဲမှာ ရှိလိမ့်မယ်လို့ သူဘယ်တုန်းကမှ မတွေးထင်ဖူးပေ။

ဒီအကြောင်းကို ငါသေတဲ့အထိရိုက်သတ်ခံရမယ်ဆိုတောင် လုံးဝလုံးဝ ထုတ်ပြောလို့မဖြစ်ဘူး။

ဒါပေမဲ့ အမှားတွေမလုပ်မိအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ အခြားသူတွေကိုပါ အရိပ်အမြွက်လေး အသိပေးထားမှဖြစ်မယ်

"မစ္စတာကျန်း ယောက်ျားလေးနဲ့မိန်းကလေး သီးခြားစီထိုင်ခိုင်းရတာက ရှေးရိုးစွဲတဲ့ အိုင်ဒီယာတစ်ခု မဟုတ်ပါဘူးကွာ "

ဒါရိုက်တာချွမ်ဟာ ပြောရင်းဖြင့် ဆရာကျန်းကို သခင်လေးချင်၏ စကားကို ပြန်ပြောင်းပြောပြပေ၏။

"ယောက်ျားလေးနဲ့ မိန်းကလေးတူတူထိုင်တာက ယောက်ျားလေးတွေရဲ့ စာအပေါ်အာရုံစူးစိုက်မှုက တိုးတက်လာနိုင်ဖွယ် ရှိပေမဲ့ သူတို့အကြားမှာ မလိုလားအပ်တဲ့ခံစားချက်တွေ ပေါ်ပေါက်လာနိုင်တယ်လေကွာ၊ ဒါကြောင့် စိတ်ကစားတဲ့အချစ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ငါတို့မှာ တာဝန်ရှိတယ်လေ၊ ဒါကြောင့် သီးသန့်စီ ထိုင်ခိုင်းရတာပါကွ"

ရူပဗဒေဆရာ: "........"

"ဒီလောက်ဆိုရပါပြီ မင်း ငါ့စကားကိုသေချာမှတ်ထားဖို့မမေ့နဲ့နော်"

ဒါရိုက်တာချွမ်ဟာ အလေးအနက်ပြောလေသည်။

"မင်း ရူပသင်ခန်းစာတွေ သင်လို့ပြီးပြီလား စာမေးပွဲမှာအဓိကကျတဲ့မေးခွန်းတွေကဘာတွေလဲ ငါ့emailဆီ ဒီမေးခွန်းတွေကိုပို့ပေးလိုက်ဦး"

ချင်မော့သည် ရူပမေးခွန်းများ မြင်လိုက်ချိန်တွင် တစ်ချက်ကြည့်လိုက်ကာ စာမေးပွဲ၌ အပါလာနိုင်ဆုံး မေးခွန်း တစ်ခုပြီးတစ်ခုအား ဘောပင်ဖြင့်ဝိုင်းထားလိုက်သည်။ အံ့ဩစရာအကောင်းဆုံးတစ်ခုကတော့ မေးခွန်းပုဒ်ကြီးတွေ အများကြီးထဲမှ ချင်မော့သည် သူ၏ ရှည်လျားသွယ်လျသော လက်ချောင်းကို အသုံးပြုပြီး မေးခွန်းလေးပုဒ်ကို ရွေးထုတ်လိုက်ခြင်းပင်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now