အခန်း (၂၃)

1.8K 214 5
                                    

ဘာသာပြန်သူ- JustCBond

အပိုင်း (၂၃) နတ်ဘုရားချင်မော့နဲ့အီစီကလီရိုက်မယ်

ချင်မော့က စားပွဲပေါ်၌ လက်ထောက်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ကွန်ပျူတာ ဖန်သားပြင်ကို စိုက်ကြည့်လိုက်သည်။

သူ့မျက်လုံးတွေက အတိုင်းအဆမရှိ မည်းမှောင်နေပေတော့သည်။

သူ တစ်စုံတစ်ခုလုပ်ဖို့ ကြံရွယ်နေသည့်အချိန်၌ chat window ကနေ မက်ဆေ့ချ်တစ်စောင် ပေါ်လာသည်။

'Spade Z':   "ကြီးမြတ်တဲ့သခင်လေးချင်ရေ...ငါလေးကို ရှာရတာ တော်တော်ပင်ပန်းနေပြီမလား။ ဒီလောက်ကြိုးကြိုးစားစားရှာနေတာ ငါလေးကို နင်ခွက်ရှ်နေလို့လား"
သည်စကားများကို မြင်ပြီးသည်နှင့် ချင်မော့ ပတ်ဝန်းကျင်၌ ရှိသည့် အပူချိန်ဟာ အနုတ်မှတ်သို့ ပြသွားလေတော့သည်။

သူ့ဘေးမှာ ရှိသည့် COCOနှင့် ဖက်တီးက  အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။

ဘယ်...ဘယ်လိုလုပ် သူဒီလိုပြောရဲရတာလဲ။

အစ်ကိုကြီးနဲ့ အီစီကလီရိုက်တယ်။

သူတကယ့်ကို သေတွင်းတူးနေတာပဲ။

သူတို့နှစ်ယောက်က ဘာတွေဆက်ဖြစ်မလဲဆိုသည်ကို သိချင်လွန်းသဖြင့် တစ်ပိုင်းသေခါနီးသလိုပင် ဖြစ်နေသည်။

COCO က သူ့ယုန်အရုပ်နားရွက်ကို စိတ်လှုပ်ရှားစွာ ထိုင်ကိုက်လေတော့သည်။

ချင်မော့၏ အသံက အေးစက်သည်ထက် အေးစက်လာပြီး သူ့အသံဟာ ကြားရသူတို့၏ အရိုးအတွင်းထိကို အေးစိမ့်သွားစေနိုင်လေသည်။

"မင်းတို့အားလုံးရဲ့ခေါင်းကို အနောက်လှည့်ထားလိုက်"

ဖက်တီးက ထိုစကားကို ကြားလိုက်သည်နှင့် ချက်ချင်းခေါင်းကို အပြေးလှည့်လိုက်ပေတော့သည်။ သူ ဖန်သားပြင်ကို ခိုးချောင်းနေသည်ကို သူ့အစ်ကိုကြီး မြင်သွားမည်ကို သေမလောက် ကြောက်နေပေသည်။

ဒီ 'Spade Z' ကသောက်ရမ်းမိုက်တယ်။

သူ့ဟက်တတ်တဲ့ စကေးမကလို့ အစ်ကိုကြီးနဲ့ပါ အီစီကလီရိုက်လိုက်သေးတယ်။ မိုက်တယ်ဟ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now