အပိုင်း (၉၀) ဂိမ်းကစားရာမှာ သခင်ကျို့ကို သင်ပြချင်တယ်ပေါ့

1.4K 146 0
                                    

ဘာသာပြန်သူ JustCBond

အပိုင်း (၉၀) ဂိမ်းကစားရာမှာ သခင်ကျို့ကို သင်ပြချင်တယ်ပေါ့

ဖူကျို့က တိုက်ရိုက်ထုတ်လွင့်မှုကို ကြည့်သူအရေအတွက် တဖြည်းဖြည်းများလာတာကို ကြည့်နေရင်းဖြင့် သူမ၏ နှုတ်ခမ်းပါးလေးများက ကွေးညွတ်သွားပေတော့၏။

"အစ်ကိုမော့သာ ဝင်ပါမယ်ဆိုရင် ပိုပြီးတော့ ပျော်ဖို့ကောင်းမှာပဲ”

ချင်မော့က ဖူကျို့၏ လေးနက်သော အသံကို ကြားလိုက်သည်နှင့် တစ်စုံတစ်ခုကတော့ ဖြစ်ပျက်တော့မည်ဟု အတပ်သိလိုက်လေသည်။ ချင်မော့က ခေါင်းလေးနည်းနည်း စောင်းလိုက်ပြီးတော့ စီးကရက်မီးညှိလိုက်လေသည်။ ထို့နောက် ဂိမ်းထဲသို့ log in ဝင်လိုက်ကာ ဖူကျို့ပေးလိုက်သော ကုတ်နံပါတ်ဆီသို့ ဝင်ရောက်လိုက်လေသည်။ ထိုနံပါတ်က သူ့ကို တိုက်ရိုက်ထုတ်လွှင့်သည့် နေရာသို့ အလိုအလျောက်ပို့ဆောင်လိုက်လေသည်။

ဖန်သားပြင်ပေါ်မှာတော့ အသင်းအင်္ကျီဆင်တူဝတ်ထားသော လူငယ်သုံးယောက် တည်ရှိနေပေသည်။ သူတို့ဟာ အွန်လိုင်းအင်တာဗျုး ပြုလုပ်နေကြပေ၏။

"ကျွန်မတို့ကြားတာကတော့ ရှင်တို့သုံးယောက်က ကုမ္ပဏီပြောင်းလိုက်တာ သိပ်မကြာသေးဘူးဆို၊ ဒီတစ်ကြိမ်အပြောင်းအလဲမှာ ဘယ်လိုအကျိုးအမြတ် ရလိုက်လဲဆိုတာကို ဝေမျှပေးလို့ရမလား၊ weiboမှာ ရှင်တို့တင်ထားတဲ့ ဒီလူမှုဖူလုံရေးငွေကြေးကိစ္စနဲ့ ပတ်သက်ပြီး ဖန် တွေ အရမ်း သိချင်နေကြပါတယ်နော်"

လျန်ရွှီကွမ်းက သူတို့သုံးယောက်ထဲအနက် အချောဆုံးတစ်ယောက်ဖြစ်သောကြောင့်သူကသာလျှင် ထိုမေးခွန်း၏အဖြေကို ဖြေသူဖြစ်သည်မှာမဆန်းပေ။ ကင်မရာက သူ့ဘက်ကို လှည့်လိုက်သည်နှင့် သူက ပြုံးပြလိုက်ပြီးတော့

"အခုလက်ရှိကုမ္ပဏီက ဟိုလှည့်ဖြားတတ်တဲ့ကုမ္ပဏီထက် ဆယ်ဆကောင်းတယ်ဗျ၊ ကျွန်တော်တို့ရဲ့ ဖန်တွေ စိုးရိမ်စရာမလိုတော့ပါဘူး အခုကစပြီးတော့ လူတိုင်းအတွက် ကျွန်တော်တို့က ကောင်းမွန်တဲ့ ကစားစွမ်းရည်တွေ ချပြပေးသွားမှာပါ"

"ကျွန်မက ရှင်တို့ရဲ့အရင်ကုမ္ပဏီနဲ့ပတ်သက်တဲ့ ကောလာဟလတွေကိုလည်း ကြားခဲ့ရသေးတယ်ရှင့် ဒီသတင်းတွေက သိပ်တော့မကောင်းဘူးပေါ့ရှင်"

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now