အပိုင်း (၉၅) သခင်ကျို့ က ထုတ်ပြောလိုက်တယ်

1.5K 173 1
                                    

ဘာသာပြန်သူ JustCBond

အပိုင်း (၉၅) သခင်ကျို့ က ထုတ်ပြောလိုက်တယ်

လျန်ရွှီကွမ်းသည် ဣန္ဒြေမဆယ်နိုင်လောက်အောင် လှည့်ထွက်လာချင်သော်လည်း ဒါရိုက်တာက သူ့ပုခုံးကို ဖိထားသည်။

“ တကယ်တော့ သူက ကစားနေတာပဲလေ၊ ရွှီကွမ်း၊ ကြီးမြတ်လှတဲ့သခင်လေးချင်ဆီက သင်ပြမှုခံယူရတာ မင်း အတွက်လဲ ဂုဏ်ယူစရာပဲလေ”

ဘာ ဂုဏ်ယူစရာလဲ

ဒါက ဘယ်လိုလုပ်ပြီး ဂုဏ်ယူစရာတစ်ခု ဖြစ်မှာလဲ

သူသာ ကြီးမြတ်လှသည့်သခင်လေးချင်နှင့် အမှန်တကယ် ကစားခွင့်ရခဲ့လျှင် သူ၏ အသက်မွေးဝမ်းကျောင်း အလုပ်သည် ဒီလို’ငပျော့ကောင်’ ၏ ဖျက်ဆီးခြင်းခံရလိမ့်မည် မဟုတ်ပေ။

“ဒါရိုက်တာ လီ ၊ ကျွန်တော်.....”

လျန်ရွှီကွမ်းသည် တစ်စုံတစ်ခုကို ပြောချင်နေသည်။

ဒါရိုက်တာသည် သူ့စကားကို ဖြတ်လိုက်ပြီး သူ့နားထဲသို့  နှစ်ကိုယ်ကြားရုံလောက်အနေအထားဖြင့် တစ်စုံတစ်ခုကို ပြောလိုက်၏။

“ မင်း ဒီတစ်ကြိမ်မှာ မကစားဘူးဆိုရင် နောက်ပိုင်း ဘယ်ဂိမ်းကိုမှ ကစားရဖို့ ထပ်မစဥ်းနဲ့တော့”

သူ့ခြိမ်းခြောက်မှု၏ ရည်ရွယ်ချက်မှာ သိသာလှပေသည်။

အွန်လိုင်းပလက်ဖောင်းလုပ်ငန်းသည် ၎င်းကို အသုံးပြုနှုန်းပေါ်တွင် ရပ်တည်ရသော လုပ်ငန်းဖြစ်သည်။

သူသာ ဒီတိုက်ပွဲကို မချခဲ့လျှင် ကြီးမြတ်လှသည့်သခင်လေးချင်က တစ်ချက်မှ လှုပ်ရှားမည် မဟုတ်ပေ။ ထိုအခါ ပရိသတ် အားပေးမှုပမာဏသည် မည်သည့်နည်းဖြင့် ထိပ်ဆုံးသို့ တက်သွားနိုင်မည်နည်း။

“ဘာလဲ၊ မင်း က အခု မင်းကိုယ်မင်း နတ်ဘုရား တစ်ပါးလို့ မြင်နေတာလား၊ မင်းရဲ့ သူဌေးက မင်းကို ခေါ်ထားတာ ငွေ မဆုံးချင်လို့ကွ၊ ဆက်လွှင့်နေ၊ ပြီးရင် မင်းရဲ့ ဆုငွေကို မင်းရလာလိမ့်မယ်”

ထို့နောက်တွင် လျန်ရွှီကွမ်း ကုမ္ပဏီအသစ်ကို ရောက်လာပြီးနောက်တွင် သူလုပ်ချင်တာကို ဆက်လုပ်လို့ မရတော့မှန်း သဘာပေါက်သွား၏။ သူ့လို ပြိုင်ပွဲဝင်တစ်ယောက်က သူ့ပိုင်ရှင်၏မျက်လုံးထဲတွင် သူသည် စစ်တုရင်ရုပ်တစ်ခု သာသာ ဖြစ်နေလေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now