အခန်း (၂၇)

1.8K 230 2
                                    

ဘာသာပြန်သူ- JustCBond

အပိုင်း (၂၇) ဒါပေမဲ့ သင့်ကို ဘယ်တော့မှ မျက်ကွယ်ပြုမှာမဟုတ်ဘူး

ထိုအရာက အမုန်းပဲ။

ဒါရိုက်တာကျန်း လက်ချက်ဖြင့် ကျောင်းအထုတ်ခံလိုက်ရသည့် ကလေးများ၏ နှလုံးသား၌ ဒါရိုက်တာကျန်း အတွက်အမုန်းပဲ ကျန်ရှိလေတော့သည်။

ဒါရိုက်တာကျန်းက ဆက်ပြီးတော့ ခေါင်းမာနေဆဲဖြစ်လေသည်။

"တကယ်လို့ အဲဒါကို မင်းမခိုးခဲ့ဘူးဆိုရင် မင်းဘာလို့ ပြန်ပေးခဲ့တာလဲပြော"
ဒီမိန်းကလေးက သူ့လိုဘဝပျက်ခါနီးသူဆီက ဒီလို စကားမျိုး ထွက်လာလိမ့်မယ်လို့ မထင်မှတ်ထားခဲ့လေဘူး။

ဖူကျို့က သူမလက်ကိုမြှောက်လိုက်ပြီးတော့ အသံနိမ့်လေးဖြင့်
"ဒါရိုက်တာကျန်း ပြောပုံအရဆိုရင် တကယ်လို့ ကျွန်တော်တို့ တစ်စုံတစ်ခုကောက်ရခဲ့ရင် ဒီအတိုင်းပဲ ဆက်သိမ်းထားရမဲ့ပုံပဲနော်။ ဆင်းရဲတာကြောင့်နဲ့ အကြောင်းအရင်းမရှိ သူခိုးလို့ စွပ်စွဲခံရရိုးလား။ အံ့သြစရာပဲနော်"

ဖူကျို့က သည်လိုပြောပြီးသည်နှင့် မျက်ခုံးပင့်လိုက်လေသည်။ သူမ၏ ငွေရောင်ဆံပင်ဟာ နေရောင်၌ တလက်လက်တောက်ပနေပေတော့သည်။

"ကျွန်တော်ကြားတာကတော့ ကျောင်းရဲ့အကြီးအကဲတွေက ဒါရိုက်တာကျန်းကို တခြားနေရာမှာ အလုပ်ဝင်နိုင်ဖို့ စီစဥ်ပေးနေတယ်ဆို။ ဒီလိုဆရာမျိုးက ပညာရေးလောကနေ ထွက်သွားသင့်တာ မဟုတ်ဘူးလား"

"မင်း"
ဒါရိုက်တာကျန်း လက်များက ဒေါသကြောင့် တဆတ်ဆတ်တုန်နေပေတော့သည်။
ကျောင်းအုပ်က ချက်ချင်းပဲ သူ့ကို စကားစဖြတ်လိုက်ပြီးတော့

"ဘယ်တော့မှ ဒီလိုဖြစ်စရာအကြောင်းမရှိပါဘူး။ စိတ်မပူပါနဲ့ ကလေးတို့ရေ။ ပညာရေးလောကက ဒီလိုဆရာမျိုး ဘယ်သူကမှ လိုချင်မှာမဟုတ်ဘူး"

ထိုအရာကို ကြားပြီးသည်နှင့် ဒါရိုက်တာကျန်းက တောင့်တင်း အေးခဲသွားလေတော့သည်။ သူ့မျက်နှာဟာ ဒေါသထွက်နေသည့် အမူအရာဖြင့် ခေါင်းကို လှည့်လိုက်ပြီးတော့ ကျောင်းအုပ်ကို လှည့်ကြည့်လိုက်လေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now