အပိုင်း (၁၆၆) ကြီးမြတ်သူက မင်းသားလေးကျို့ကို ကာထား

1K 104 0
                                    

ဘာသာပြန်သူ YuuKi

အပိုင်း (၁၆၆) ကြီးမြတ်သူက မင်းသားလေးကျို့ကို ကာထား

ဖူမိသားစုတစ်ခုလုံးတွင် ဖူကျို့သည် မိန်းကလေးဖြစ်သည်ကို ဟယ်ဟုန်ဟွာမှလွဲ၍ မည်သူမှမသိပေ။ ဖူကျို့နောက် သို့ နေ့စဥ်လိုက်နေသည့် ချန်ရှောင်တုံးပင် သူမ၏ လိင်အစစ်အမှန်ကို မသိချေ။

ဒါသည် ထိပ်သီးလျှို့ဝှက်ချက်တစ်ခုဖြစ်ရာ သူမ၏နေအိမ်တွင်ပင် ဖူကျို့သည် သာမန်မိန်းကလေး တစ်ယောက်ကဲ့သို့ အလှပြင်ပစ္စည်းများကို နေရာတိုင်းတွင် ပစ်ထား၍မရချေ။

သို့သော် မည်သို့ဆိုစေ ဖူကျို့သည် မိန်းကလေးတစ်ယောက် ဖြစ်နေဆဲပင်။

အထူးသဖြင့် အရင်ဖူကျို့သည် တစ်နေ့တွင် သာမန်မိန်းကလေးဘဝကို ပြန်လည်ရရှိရန် အမြဲတစေ မျှော်လင့်နေခဲ့၏။

ထို့ကြောင့် သည်အခန်းထဲ၌ပင် မိန်းကလေးတစ်ယောက်နေထိုင်နေသည့် အရိပ်အယောင်များ ရှိနေသေးတော့သည်။

စင်စစ်တွင် ဖူကျို့သည် သူမနှင့်ရွယ်တူများနှင့်စာလျှင် အတန်သင့် ရင့်ကျက်ပေသည်။ လူများသာ သူမသည် မိန်းကလေးဖြစ်ကြောင်းသိသွားလျှင် သူမနှင့် သူမ၏မိခင်တို့သည် ဘဝပျက်လိမ့်မည်ကို နားလည်ခဲ့လေသည်။

သို့တိုင် သူမသည် ငယ်စဥ်က သူမ၏ ဤဘဝကို ကိုင်တွယ်ရန် မရင့်ကျက်သေးသဖြင့် တစ်ဖက်တွင် သူမ၏ ကျားမဖြစ်တည်မှုကို အမြဲလိုလို ဖုံးကွယ်ထားခဲ့ပြီး တစ်ဖက်တွင် သူမ၏ဒေါသများကို ဟယ်ဟုန်ဟွာထံ ပုံချခဲ့တော့သည်။

ထိုကာလတစ်လျှောက်လုံးတွင် သူမသည် သူမဝယ်လာသည့် မိန်းကလေးပစ္စည်းများကို အိပ်ရာဘေးက အံဆွဲထဲတွင် ဝှက်ထားတတ်သည့်အကျင့် ဖြစ်လာတော့သည်။

ထိုမှတဆင့် သူမ ပြန်လည်မွေးဖွားလာသည့်အချိန်မှစ၍ ဖူကျို့သည် အွန်လိုင်းဂိမ်းကစားခြင်း ၊ ငွေရှာခြင်းနှင့် သူမ၏လက်တုံ့ပြန်နိုင်ရေးအတွက် အလုပ်ရှုပ်နေခဲ့ရာ ထိုအရေးမပါသည့်အရာများကို ရှင်းထုတ်ရန် အချိန်မရခဲ့ချေ။

ထို့အပြင် တကူးတက ဖယ်ထုတ်ရမည်ဟူ၍လည်း သူမ မထင်ခဲ့မိချေ။

သို့သော် ယခုမူ ... ဖူကျို့သည် တစ်ချက်ချောင်းကြည့်လိုက်ပြီး သူမ၏လက်ချောင်းကို သူမ၏နှုတ်ခမ်းသားများပေါ်တွင် သပ်နေမိလေသည်။ သူမ၏ငယ်ရွယ်သည့်ပုံရိပ်သည် အလွန်လှပသဖြင့် လူများက သူမကို လိုချင်လာအောင် ပြုလုပ်နေတော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now