အပိုင်း (၁၂၁) ချင်မော့သည် ဖူကျို့ကို အိမ်၌စည်းကမ်းပေး

1.2K 120 1
                                    

အပိုင်း (၁၂၁) ချင်မော့သည် ဖူကျို့ကို အိမ်၌စည်းကမ်းပေး

ကြီးမြတ်လှသော သခင်လေးချင်နဲ့ အိမ်ပြန်ရမှာလား။

ကောင်းသားပဲ အဆင်ပြေမယ်လို့ထင်တာပဲ။

ကွန်ပျူတာအစိတ်အပိုင်းအကောင်းစားတွေ သူ့အိမ်မှာ အများကြီးရှိမှာပဲ။

"ကောင်းပြီလေ အစ်ကိုမော့ရဲ့အခန်းကို သွားလည်ဖို့ အခွင့်အရေးကို ငါလေး လက်လွှတ်ခံစရာလားလို့!"

ဖူကျို့က လွတ်လွတ်လပ်လပ်ပဲ ပြောလိုက်ပေ၏။

ယာဉ်မောင်းက သူ့သခင်လေးပြောခဲ့သည့်စကားကြောင့် ရှော့ခ်ရနေဆဲ ရှိသေးသည်။

သခင်လေးက ဒီလိုအပြင်ဘက်က လူတွေကို အိမ်အလည်ခေါ်တတ်လို့လား။

ဒီ....ဒီဟာက ဘယ်တုန်းကမှ မဖြစ်ဖူးခဲ့တဲ့ဟာကြီးကို။

သခင်လေး ကျောင်းတက်နေတုန်းကတောင်မှ အိမ်ကို ဘယ်သူ့ကိုမှ အလည်ခေါ်ဖူးတာ မဟုတ်ဘူးလေဟ။ ဒါပေမဲ့ သခင်လေးအသံကို နားထောင်ကြည့်ရတာ သခင်လေးဖူကို အိမ်အလည် ခေါ်ချင်တာထက် ဒုက္ခတစ်ခုခု ပေးတော့မဲ့ပုံမျိုး။ ဒါပေမဲ့ ဒီအိမ်အလည် ခေါ်မဲ့ဟာကြီးက ငါ့အတွက် အိပ်မက်နဲ့ အရမ်းတူပါတယ်နော်။

သူတို့မောင်းနေသည့်အရှိန်က အရမ်းမမြန်တာကြောင့် ဖူကျို့က စစ်တပ်၏ အထူးညွန်ပြချက်များကို လမ်းတစ်လျှောက် မြင်နိုင်ပေသည်။

ထိုကဲ့သို့ နေရာမျိုးက ပရမ်းပတာအခြေအနေများ အလယ်ရှိ အမြဲလိုလို တည်ငြိမ်အေးချမ်းနေသည့် နေရာတစ်ခု ဖြစ်ပေသည်။ ကားများက ဂိတ်ဝ၌ စစ်ဆေးမေးမြန်းခြင်း ခံရပြီး သာမန်လူများက သည်နေရာကို ဝင်ခွင့်ရဖို့ဆိုတာ မဖြစ်နိုင်သောအရာပေ။ ပြီးတော့ လက်နက်ကိုင်စစ်သည်များတောင်မှ နေ့တိုင်းနေ့တိုင်း စောင့်ကြပ်နေကြတာမို့ ဒီနေရာဟာ အလွန်အမင်း အင်အားကြီးသည့် နေရာတစ်ခု ဖြစ်ပေ၏။

အရင်ဘဝက ဖူကျို့သည် ထိုသို့ အခြေအနေမျိုးကို တစ်ခါမှ မကြုံဖူးခဲ့ပေ။

သို့သော် ထိုစဉ်က သူမသည် ထက်မြက်သော အစိုးရဌာနက ဖမ်းချင်သော အလိုရှိဆုံး ရာဇဝတ်သား ဖြစ်ခဲ့ပေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Nơi câu chuyện tồn tại. Hãy khám phá bây giờ