အပိုင်း (၁၈၇) မင်းသားကျို့၏ ညှို့ဓာတ်

999 96 0
                                    

ဘာသာပြန်သူ - YuuKi

အပိုင်း (၁၈၇) မင်းသားကျို့၏ ညှို့ဓာတ်

“မင်း..... မင်း.....”

လျိုကျုံးမင် သည်တကြိမ်တွင် အမှန်ထိတ်လန့်သွားလေသည်။ ဖူကျို့သည် သူ့ကိုကြည့်လိုက်သော ထိုအခိုက်အတန့်သည် အမှောင်ထဲမှ သွေးအေးသတ္တဝါတကောင်သည် သူ့အားစောင့်ကြည့်နေသည်ဟု သတိပေးနေသယောင်။ ဖူကျို့၏ စကားလုံးများမှာ မစဥ်းစားချင်လောက်အောင် ကြောက်စရာကောင်းနေလေသည်။

ဖူကျို့က သူ့ကို သေလာက်အောင် ရိုက်နှက်ထားတာတောင် သူ့ဆီမှာ တာဝန်ယူမဲ့ပုံမပေါ်တာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ
သူအခုမှ အထက်တန်းကျောင်းသားလေးပဲရှိသေးတာမလား။

သူတို့က လူတွေကို ရိုက်ချင်တဲ့အချိန်တိုင်းရိုက်ခဲ့တာလေ။

ဒီတော့ သူလဲ တစ်ယောက်ယောက်ကို ရိုက်တဲ့အခါကျရင် သက်သေအားလုံးကို ဖျက်ဆီးပစ်တာပဲလား။

လျိုကျုံးမင်သည် တရစပ် တွေးနေပြီး နောက်တွင်လဲ စိတ်သက်သာရာ မရနိုင်ချေ။ သည့်အပြင် ချွေးအေးတို့သည် သူ့လည်ကုတ်မှ တစက်ချင်း ကျလာတော့သည်။

မည်သူမှ ဒီလမ်းကို ဖြတ်လျှောက်မည် မဟုတ်တော့ဆိုတာကို သူနောက်ဆုံးတွင် သတိထားမိလိုက်တော့သည်။

____ ဘယ်သူမှသူ့ကိုလာကယ်မှာမဟုတ်ဆိုတဲ့အဓိပ္ပာယ်ပေါ့

ဖူကျို့သည် ပြုံးလျက် သူမ၏သွယ်လျသောခြေတံတို့ဖြင့် လျိုကျုံးမင်၏ တခုတည်းသော ထွက်ပေါက်ကို ပိတ်ထားလိုက်သည်။ ထိုဉာဏ်များပြီး လှပသောမျက်လုံးများသည် လူတွေကို ပုံမှန်ထက် ဖိအားပိုပေးနေသည်ဟု ခံစားရလေသည်။

လျိုကျုံးမင်သည် မတ်တတ်မရနိုင်ဖြစ်နေပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ကြိုးစားရှင်းပြနေလေသည်။

“ ဖူကျို့ ငါတို့တွေက အတန်းဖော်တွေလေ အတန်းဖော်တွေအချင်းချင်း တစ်ခါတလေ နည်းနည်းပါးပါး ရန်ဖြစ်ကြတာက ပုံမှန်ပါပဲ မင်းကို အဖွဲ့လိုက်ဝိုင်းချခဲ့မိတာ ငါ့အမှားပါ ငါတောင်းပန်ပါတယ်ကွာ၊ ပြီးတော့ စာမေးပွဲကလဲ ခဏနေစတော့မှာ၊ မကောင်းဘူးလေ နောက်ကျလို့မကောင်းဘူး”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now