အခန်း(၁၄)

1.7K 202 0
                                    

ဘာသာပြန်သူ JustCBond

အပိုင်း(၁၄) ငါလေး နင်နဲ့အိပ်ချင်တယ်ဆိုရင်ကော

ချန်ရှောင်တုံးက ထိုကဲ့သို့ အလွန်အမင်း စိတ်ပူသောက ရောက်နေသည့်ပုံဖြစ်နေသဖြင့် ဖူကျို့က သူ့ကို စနောက်ချင်စိတ် ပေါ်လာလေတော့သည်။

သူမက ပျင်းရိပျင်းတွဲဖြင့်

"တကယ်တော့ ငါလေး အမြဲတမ်းလုပ်ချင်တဲ့အရာတစ်ခုရှိသေးတယ်ရယ်"

"ဘာများလဲဘာများလဲ" ဟူ၍  ချန်ရှောင်တုံးက အလျင်စလို မေးလေတော့၏။

ဖူကျို့က ပြုံးလိုက်ပြီး လေးနက်သည့်အမူအရာဖြင့် ချန်ရှောင်တုံးကို ပြောလိုက်လေသည်။

"သခင်လေးချင်နဲ့အိပ်ဖို့"

ချန်ရှောင်တုံးက နွေခေါင်ခေါင်မိုးကြိုးပစ်ချလိုက်သလို ခံစားလိုက်ရပြီး တစ်ခဏတာ ဆွံ့အသွားလေတော့သည်။

ဖူကျို့က သူ့မျက်နှာကိုပုတ်လိုက်ပြီးတော့

"နောက်ထပ် အဲ့လိုရူးကြောင်ကြောင် ဂိမ်းတွေလိုမျိုး ငါလေးနဲ့လာမကစားနဲ့‌တော့၊ ဟုတ်ပြီလား ဘယ်သူပြောနိုင်မလဲ၊ ငါအဲ့လို မလုပ်နိုင်ဘူးလို့၊ လိမ်လိမ်မာမာနေပြီးသွားတော့ ဟုတ်ပြီလား"

ချန်ရှောင်တုံးက ဖူကျို့လက်မောင်းကို အားကြီးဖြင့် ကိုင်‌ဆွဲထားပြီးတော့

"သခင်လေး သခင်လေးနောက်နေတာမလား ဟုတ်တယ်မလား တစ်ခုခုတော့ပြောပါဦး"

ဖူကျို့က ရယ်လိုက်ပြီးတော့ ချန်ရှောင်တုံးကို အဝေးတွန်းထုတ်လိုက်လေသည်။ သူမ ထိုကိစ္စအ‌တွက် ဖြေရှင်းချက်‌တော့ မပေးခဲ့ပေ။

ချန်ရှောင်တုံးက သူ့သခင်လေးကိုကြည့်လေကြည့်လေ သူ၏နှလုံးသားလေးဟာ တစ်စတစ်စ မသေချာမရေရာဖြစ်လာသလိုပင်။

သွားပြီ သွားပြီ၊ အရင်တုန်းကတော့ သူ သခင်လေးချင်ကို တိတ်တိတ်လေးပဲ ခွက်ရှ်နေတာလေ၊ အခုတော့ သူနဲ့အိပ်ချင်တယ်တဲ့လား၊  အဲဒါ ကသာမန်လူမဟုတ်ဘူးနော်၊ သခင်လေးချင်ဗျ သခင်လေးချင်၊ တကယ်လို့ သူနဲ့တစ်ညအိပ်ပြီးရင် မနက်ရောက်ရင် သခင်လေးအရိုးတခြား အသားတခြားဖြစ်တော့မှာဗျ၊ အသက်တောင် ရှင် နိုင်ပါ့မလားဆိုတာသေချာရဲ့လား။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now