အပိုင်း (၈၈) မင်းကလှရုံပဲလှတာ

1.6K 159 2
                                    

အပိုင်း (၈၈) မင်းကလှရုံပဲလှတာ

ငါလေးရဲ့အကျီတွေက မတိုပါဘူးနော် ဟုတ်ပြီလား။

ဖူကျို့က ခေါင်းငုံ့လိုက်ပြီးတော့ သူမကိုယ်သူမ တစ်ချက်ကြည့်လိုက်လေသည်။ သူမ၏ အင်္ကျီက ပုံမှန်အရွယ်အစား ဖြစ်သည်။ ယောကျာ်းလေးတွေက ဒီလိုပဲဝတ်ကြတာမဟုတ်ဘူးလား။

ကြွက်သားတွေထွက်ဖို့က ငါလေးက မိန်းကလေးစစ်စစ်လေ အဲဒါတွေလိုလို့လားဟယ်။

သေချာတာကတော့ ဖူကျို့က သူမ၏ အတွေးများကို ထုတ်ဖော်ပြသခြင်းမရှိချေ။

သူမဟာ ပုံမှန်လေးသာ တုံ့ပြန်လိုက်လေ၏။

"ကောင်းပြီ"

ဖူကျို့ အရမ်းကြီး အရေးတယူမလုပ်တာကို မြင်လိုက်ရတော့ ချင်မော့က သူ့မျက်ခုံးတွေကို ပင့်လိုက်လေသည်။

"မနက်ဖြန် ငါတင်းနစ်ကစားမှာ မင်းလည်း ငါနဲ့တူတူ လိုက်ခဲ့ရမယ်"

"ငါလေးမှာ ကျောင်းရှိသေးတယ်လေဟာ"

ငါလေးက ကျောင်းသားဆိုတာ နင်မေ့သွားတာလား။

ချင်မော့က ပြောင်ပြောင်တင်းတင်းဖြင့်"မင်းအတန်းပြီးရင်ပေါ့ ငါ့ရဲ့ညီလေးအနေနဲ့ မင်းအမြဲ ဒီလိုလုပ်နေလို့မရဘူး"

"ဘယ်လိုမျိုးလဲ"

ဖူကျို့က ရယ်လိုက်ပြီးတော့ သူမ၏ လက်များကို ချင်မော့၏ အနားသို့ တိုးကပ်သွားလေသည်။

"အစ်ကိုမော့ ငါလေး မခံ့ညားဘူးလို့ နင်ပြောရဲလား”

ချင်မော့က ဖူကျို့၏ လက်ကို ဖယ်လိုက်ကာ မကျေနပ်မှုအနည်းငယ်ဖြင့် ဖူကျို့၏ မေးကို ညှစ်လိုက်လေသည်။

"မင်းက တကယ့်ကိုချောတယ်ဆိုတာ မှန်ပေမဲ့ မခံ့ညားသေးဘူး၊ ငါနဲ့လေ့ကျင့်ခန်းတူတူလာလုပ် အိမ်မှာပဲဂိမ်းတွေဆော့ပြီး အသားအရေတွေ ဖြူဖွေးနူးညံ့နေအောင်အခန်းမအောင်းနေနဲ့”

အဲ့တော့ ဒီလိုနူးညံ့ချောမွေ့တဲ့ အသားအရေရှိတာက ငါလေးအပြစ်ပေါ့လေ။

ဖူကျို့က ချင်မော့က သူမကို တကယ့်ညီလေးအရင်းအဖြစ် သဘောထားနေတယ်ဆိုတာကို သိရှိသွားပေတော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now