အပိုင်း (၁၆၈) ကြီးမြတ်လှတဲ့သခင်လေးက ဖူကျို့ကို ထပ်ကင်ပြန်ပြီ

1K 101 1
                                    

ဘာသာပြန်သူ YuuKi

အပိုင်း (၁၆၈) ကြီးမြတ်လှတဲ့သခင်လေးက ဖူကျို့ကို ထပ်ကင်ပြန်ပြီ

“အိပ်ရာခင်းကို လဲရမယ်”

ဖူကျို့သည် ဤနတ်ဘုရားကို ညရောက်ပြီဖြစ်ကြောင်း သတိပေးရန်ကြိုးစားလိုက်၏။

“ ညကြီးကို ဘာလို့ အိပ်ရာခင်းလဲရမှာလဲ...”

ရေခဲတမျှအေးစက်သည့်အပြုံးတစ်ဝက်သည် ချင်မော့၏နှုတ်ခမ်းပေါ်တွင် တွဲခိုနေဆဲဖြစ်ပြီး သူသည် စကားတစ်ခွန်းကိုသာ မာဆတ်ဆတ်ပြောလိုက်လေသည်။

“အဲဒါက ငါ့မျက်လုံးကို ညစ်ညမ်းသွားစေလို့”

“အင်းပါ”

ဖူကျို့သည် သည်နတ်ဘုရားမှာ အသန့်ကြိုက်ကိုယ်တော် ဖြစ်သည်ကို သတိရသွားပြီး ချန်ရှောင်တုံးကို လှမ်းခေါ်လိုက်လေသည်။

ချန်ရှောင်တုံးသည် သူ့သခင်လေးကို မျက်လုံးဖြင့် အချက်ပြရန် အားကုန်ကြိုးပမ်းလိုက်၏။

သခင်လေးချင်သည် သူ့သခင်လေးကို နမ်းခဲ့သည်ကို သူမြင်လိုက်ရသည်ဟု ထင်နေတော့သည်။

ထိုအရာသည် အမှန်တကယ် ဟုတ်မဟုတ်ကို သူ သိချင်နေတော့သည်။

“ အိပ်ရာခင်းအသစ်တစ်ခု ယူလာပြီး လဲလိုက်”

ဖူကျို့သည် သူ့အိမ်တော်ထိန်းလေး၏ အမူအရာကို လုံးဝသတိမထားမိပေ။

ချန်ရှောင်တုံး၏ပါးစပ်သည် မဲ့ရွဲ့နေတော့သည်။

ဖူကျို့သည် သူမ၏မျက်ခုံးကို ပင့်လိုက်ပြီး

“ဘာလဲ”

ချန်ရှောင်တုံးသည် သူမကို သိသာထင်ရှားသည့် အရိပ်အမွှက်များကို ပေးချင်ပါသော်လည်း ထိုသခင်လေးချင်သည် မှန်ပြတင်းပေါက်ဘေးတွင် ရပ်ကာ စာအုပ်တစ်အုပ်ကို လှန်လှောနေ၏။ သူ့အသံသည် အလွန်တိုးညင်းစွာ ထွက်လာလေသည်။

“ အံဆွဲထဲက ပစ္စည်းတွေကို တစ်ခါထဲယူသွားပြီး လွှင့်ပစ်လိုက်”

အံဆွဲထဲက ပစ္စည်းတွေဟုတ်လား။

ချန်ရှောင်တုံးသည် သူဘာပြောနေသည်ကို လုံးဝမသိချေ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Dove le storie prendono vita. Scoprilo ora